တံခါးပိတ်သွားပြီး အဝတ်လဲခန်းမှာ သူတို့သုံးယောက်သာ ကျန်ခဲ့တော့ချိန်မှ ဟာရီဆန်က ကျန်းကျွယ်ကို လက်ညှိုးငေါက်ငေါက်ထိုးကာ : " တော်တော်ရဲတင်းနေတယ်ပေါ့လေ အာ ? "

သူက အရှေ့တစ်လှမ်းလှမ်း၍ အကွာအဝေးတစ်ခုကနေ ချန်ပေါ်ချောင့်အား စက္ကန့်အနည်းငယ်မျှ အကဲခတ်ကြည့်လိုက်​၏။ ပြီးမှ ကျန်းကျွယ်ကို ရုတ်တရက်ပြောသည် : " ကျန်းကျွယ် ၊ မင်း လူတွေကို မိတ်ကပ်ပြင်ပေးရာမှာ တော်တော်ကျွမ်းတာပဲ။အခုကစပြီး စရိတ်ပြတ်တဲ့အခါ ကလပ်ကိုလာပြီးအလုပ်လုပ်လေ။ ငါမင်းကို နေစရိတ်၊စားစရိတ်အပါ,ပါ ပေးမယ်"

သူက ကျန်းကျွယ်ကို စုံခြည်ဆန်ခြည် ကြည်ပြီး ပြောသည် : " မင်း လာကချင်တယ်ဆိုရင်လဲ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ "

နှစ်ပေါင်းများစွာ သူငယ်ချင်းလုပ်ခဲ့ပြီးနောက် ကျန်းကျွယ်ဟာ ဟာရီဆန်​၏ ကိုးစားမရသော စကားများကို အသားကျနေပြီပင်။ သူဟာ ပျက်လုံးတွေကို ကျော်ခွပြီး လိုရင်းသာပြောလိုက်သည် : " သင်္ဘောက ဆက်သွယ်သေးလား ? "

ဟာရီဆန်သည် ကျန်းကျွယ် ပွဲဖျက်လိုက်သည်ဟု တွေးမိသဖြင့် ပုခုံးတွန့်လိုက်ပြီး : " ငါနဲ့ အရင်လိုက်ခဲ့ "

သူက လှည့်၍ အဝတ်လဲခန်းမှ ထွက်သွားသည်။ ကျန်းကျွယ် ခေါင်းလှည့်၍ ချန်ပေါ်ချောင်အား ကြည့်လိုက်သောအခါသူက ရယ်မြူးရိပ်များဖြင့်မေးလေသည်။

" မင်း ကတတ်တယ်လား ? "

" မတတ်ဘူး။ " ကျန်းကျွယ်က ချက်ချင်းငြင်းပြီး ချန်ပေါ်ချောင့်အား စိတ်ကြိုတင်ပြင်ဆင်ပေးလိုက်သည်။ " သူ ပြောသမျှတွေကို ယုံမနေနဲ့ "

ထို့နောက် သူ ဟာရီဆန့်နောက်ကို လိုက်သွားတော့​၏။

ဟာရီဆန်က သူတို့ကို ရှုခင်းမြင်ဓာတ်လှေကားထံခေါ်သွားပြီး လက်ဗွေစက်ကို ခတ်နှိပ်လိုက်ရာ ဓာတ်လှေကားတံခါးပွင့်လာ​၏။

သူတို့သုံးယောက်ဝင်လိုက်ပြီး ဓာတ်လှေကားက တတ်သွားသောအခါ ရှိုးတစ်ခုလုံးကိုမြင်နေရသည်။

ဖျော်ဖြေပွဲက အထွတ်အထိပ်ကိုရောက်နေပြီဖြစ်ကာ ရွှေစက္ကူတွေက နေရာအနှံ့ပြန့်ကျဲလျက်။ ပရိတ်သတ်က ယစ်မူးရီဝေနေသည့်ပမာ လက်မောင်းတွေကို ယမ်းခါနေရင်း လေထဲမှာ ချိတ်ဆွဲထားသည့် သံလှောင်အိမ်ထဲတွင် ကနေသောOmegaထံ ညစ်ညမ်းစကားတွေကို အော်ပြောနေကြသည်။ သို့သော် မကြာမှီမှာပဲ ဓာတ်လှေကားက ဟိုတယ်အထပ်သို့တက်သွား​၏။

ဆည်းဆာရိပ်လမ်းသွယ် || ဘာသာပြန် || 『Completed』Where stories live. Discover now