“ရေဘူး”

အမည်မသိက ဆိုသည်။

တင်းကျိက ချီတုံချတုံဖြစ်နေမိသော်လည်း ရေဘူးကို ပိတ်ကာ သူ့အား ထပ်ကမ်းပေးလိုက်၏။

အမည်မသိက အဖုံးကို လှည့်ဖွင့်၍ နောက်ထပ် နှစ်ငုံထပ်သောက်လိုက်ပြီး ပုလင်းကို သူ့ဘေးမှ လှေကားထစ်ပေါ် တင်လိုက်သည်။

“ငါ အသည်းကွဲနေမှန်း မင်း ဘယ်လိုသိတာလဲ ငါ့ကို ပြောပြလို့ရမလား”

“ဘာလို့လဲ။ မင်း မမှန်းတတ်ဘူးလား’

တင်းကျိက မျက်လုံးကို မှေးစင်း၍ ရေဘူးကို စွေကြည့်လိုက်သည်။

“ဒီနေ့က ရိုးရှင်းတယ်လေ”

အမည်မသိက ပြောလာသည်။

“ငါသာ အကုန်ခန့်မှန်းနိုင်နေရင် မင်းဆီ လာရောနေပါအုံးမလား”

“အဲတော့”

တင်းကျိက မျက်ခုံးပင့်လိုက်သည်။

“ငါက မင်းကို ဘယ်လိုတွက်ပေးရမှာလဲ။ ငါဖြင့် မင်းနာမည်ကိုတောင် မသိဘဲနဲ့”

“လင်ဝူယွီ”

အမည်မသိက ပြောသည်။

“ဘာ?”

တင်းကျိက သေချာမကြားလိုက်ရ။

“လင်ဝူယွီ”

အမည်မသိက နားထင်ကို ဖိ၍ ထပ်ပြော၏။

“ဝူယွီ?”

တင်းကျိက ဆိုသည်။

“တာ့ဖန်းဝူယွီ (စိတ်သဘောထားကြီးမြတ်သူတို့ထံဝယ် သိုဝှက်ထားသည့် မကောင်းသောဘက်ခြမ်းဟူသည် မရှိ) ပဲ”

လင်ဝူယွီသည် နားထင်ပေါ်ဖိနေသော လက်တို့ ခတ္တခဏ ရပ်လိုက်မိသွားခဲ့သည်။

“ကွမ်းဖုန်းကျိယွဲ့” ဆိုသည်ကို ထားဦးတော့။ နာမည်၌ ထိုသို့သောစာလုံးပါနေ၍။ သို့သော် “တာ့ဖန်းဝူယွီ” ဟူ၍ နှုတ်မှထွက်လာခဲ့သည်ကတော့ ‌ပေါ့တိပေါ့ပြက်လိမ်စားတစ်ယောက်၏ ပုံစံနှင့် အတော်လေးပင် အပ်စပ်မှုမရှိလှ။

ပုံစံခွက်သွင်းခြင်းက မကောင်းပေ။ လင်ဝူယွီသည် သူ့ကိုယ်သူ တစ်စက္ကန့်မျှ ပြန်ဆင်ခြင်လိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။

ရှောင်းကျန်း || မြန်မာဘာသာပြန် ||Where stories live. Discover now