ရှိသည်..ဖြစ်သည်.. ချစ်သည်

Começar do início
                                    

လှုပ်လီလှုပ်လဲ့လေး မျက်လုံးဖွင့်ကြည့်လာခဲ့တာကိုတော့ ကိုကို မမြင်သွားခဲ့ဘူးလေ။
ကိုကို့ကလေးလေးရဲ့ နှုတ်ခမ်းလေးတွေမှာ
ပြုံးတုံတုံလေးဖြင့်။ခုတင်ခြေရင်းပိုင်းက စောင်ထူထူကြီးကို မျက်နှာလေးဖုံးတဲ့အထိ
ဖုံးကွယ်ပစ်လိုက်သည်။

" ချောက်....။ "

ရေချိုးပြီးပြန်ထွက်လာတဲ့ကိုကိုအဖို့ ခုတင်ပေါ်ကစောင်လုံးလေးမှာ ဖျစ်ညှစ်ပစ်လိုက်ချင်စရာလေးပါ။ဒါပေမယ့် ကိုကိုက အဲ့လိုမလုပ်ခဲ့ဘူး။

ပတ်ခ်ဂျီမင်ကိုဆို သူ့မျက်လုံးထဲကလေးလေးလို့ပဲမြင်နေပြီး ကလေးလေးလိုပဲချစ်တယ်။ကလေးလေးလိုပဲ ထိတွေ့နမ်းရှိုက်တတ်သူမဟုတ်လား။

လက်ပ်တော့သုံးချိန်တွေမှာဆို မျက်မှန်လေးတပ်ထားလေ့ရှိတဲ့ ဂျီမင်ကိုကိုက အခုလည်းမျက်္မှန်လေးတပင့်တပင့်နှင့်အလုပ်စားပွဲမှာ။
ခုတင်ပေါ်က ကလေးလေးရဲ့ပျင်းကြောဆွဲသံ​ကြားရတဲ့အခါ သူ-ထပ်မချစ်ပဲမနေနိုင်ခဲ့ဘူး။

* ကိုကို့ကလေးလေးက အိပ်ရေးရောဝရဲ့လား *

* နည်းနည်း *

နိုးခါစမို့ ကောင်းစွာမပွင့်ချင်သေးတဲ့မျက်လုံးလေးတွေကိုလက်ချောင်းလေးတွေနဲ့ပွတ်သပ်နေခဲ့ပြီး လိလိမ္မာမ္မာလေးပြန်ပြောရှာတယ်။

ဒီမြင်ကွင်းလေးကိုပဲ ကိုကို့မှာအူယားမဆုံးဖြစ်ရကာ ပါးအိအိလေးတစ်ဖက်ကို သူ့နှာခေါင်းကြီးနစ်ဝင်သွားတဲ့အထိ ဖိနမ်းပစ်လိုက်သည်။ကလေးလေးကလည်း သူ့ကိုပြန်ဖက်ထားပေးတယ်လေ။

* အိပ်တာမကြာသေးဘူးလား...။ခဏလောက်ထပ်အိပ်လိုက်ဦးနော် *

* အွန်း နည်းနည်းလေးအိပ်ချင်သေးတယ် *

ချွဲနေတာလေးကို အသည်းယားမိစွာ ကိုယ့်ရင်ဘက်ပေါ်က နဖူးနုနုလေးကို ခပ်ဖွဖွနမ်းပေးဖြစ်သည်။ပြုံးတုံ့တုံ့မျက်နှာလေးက ဒီအနမ်းကို ဒီကလေးလေးသဘောကျနေကြောင်းသက်သေပဲလေ။

​ေပြာပါဦး ကိုကိုတို့ကြားထဲ ဘာတွေများလိုအပ်သေးလဲ။ဒီလိုလေး ချစ်နေကြရင်ပဲ ပြီးပြည့်စုံနေပြီကို မနက်ဖြန်တွေလည်း ကိုကိုမသိချင်သေးဘူး။ဒီနေ့မှာပဲ ကိုကိုရူးသွားတဲ့အထိ ကလေးလေးအပေါ်ချစ်ပေးမယ်။

(OS Collection)Onde histórias criam vida. Descubra agora