Station Lover

512 58 3
                                    

( Unicode Version )

( Station Lover )

မြင်မြင်ချင်းအချစ်ဆိုတာကို ခင်ဗျားတို့ယုံကြည်ကြလား?...။

ရင်ခုန်တာကို အချစ်လို့ ခေါင်းစဥ္တပ်မယ်ဆိုရင်ရော လက်ခံကြမှာလား...။

အွန်း...။ကျွန်တော်ကတော့ မြင်မြင်ချင်းအချစ်ကိုခံစားဖူးပြီထင်တယ်။ရင်ခုန်တာကိုအချစ်လို့ သတ်မှတ်ကြေးဆို ကျွန်တော်
ထိုတစ်စုံတစ်ယောက်ကို ချစ်မိခဲ့ပါပြီ။

ဘူတာရုံလေးထဲမှာ ထိုလူကိုစတင်တွေ့ရှိခဲ့ပြီး ဘူတာရုံလေးထဲမှာပဲ ပထမဆုံးသော
ပျိုပျိုမျှစ်မျှစ် ကျွန်တော့်ရင်ခုန်သံတွေဟာ အဆုံးအစမဲ့ကမ်းပြိုလာခဲ့ရင်း ဘောင်ဘင်
မခတ်နိုင်ခဲ့ပါ။မညာစတမ်းဝန်ခံရမည်ဆို
သူ့ကိုရင်ခုန်တာမို့လို့ ချစ်မိသွားပါပြီပေါ့...။

ဘူတာရုံထဲမှာ မျက်ဝန်းချင်းစကားပြောခဲ့ကြတယ်။ဟိုတေးသွားထဲကလို "မျက်လုံးချင်းစကားပြောနေပြီ "ဘာညာပေါ့လေ။
ပတ်ခ်ဂျီမင်တို့များ တကယ်မလွယ်ပါလား။
ဆုံတွေ့ခဲ့ကြချိန်တစ်ဒင်္ဂလေးအတွင်းပိုင်းနဲ့ကို ကဗျာတွေနွှဲ့တတ် ဖွဲ့တတ်နေပြီသတဲ့။

အချိန်ကအရေးပါလို့လား?ကျွန်တော့်အတွက်ဆို အချိန်ကအဲ့လောက်ထိအရေးမပါဘူးလို့ ခံယူထားခဲ့တာလေ။အဲ့ဒါထက် ကိုယ့်ခံစားချက်နဲ့ကိုယ့်နှလုံးသားက ပိုအရေးပါတယ်လို့ မထင်မြင်ကြပေဘူးလား။

ဘူတာရုံလေးထဲမှာ စကားတွေပြောမယ်...
ဘူတာရုံလေးထဲမှာ ကိုယ်တို့အနမ်းခြွေကျမယ်...င်းဘက်ကရော?ကိုယ့်ကို လွမ်းမှလွမ်းနေပါ့မလား။

•••••••• Station Lover •••••••••

* * * * * * * * * * * * * * * * * * * * *

ဘူတာရုံထဲက အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကိုပြောမပြခင်မှာ ဘာအတွက်ကြောင့်နဲ့ဘူတာရုံမှာမှ သူတို့တွေဆုံခဲ့ကြရသလဲကို
အရင်ဆုံးပြောပြပါရစေ။

* ပတ်ခ်ဂျီမင်ရေ ထပါတော့ဟ...
မင်းဘိုးအေရထားက! နောက်ကျတော့မယ် *

မနက်မိုးတောင်မလင်းသေးဘူး။သူငယ်ချင်းဖြစ်သူ ကင်ဟိုဆော့ရဲ့ခုနစ်ချီဟစ်သံမှာ စည်ခနဲ ဗြဲခနဲထွက်လာရင်း တိုက်ခန်းလေးခမျာ
စတင်၍ဆူညံပါတော့မည်။

(OS Collection)Место, где живут истории. Откройте их для себя