Hyung!Hold My Hand

Start from the beginning
                                    

တကယ်တော့။အဲ့လိုမဟုတ်ခဲ့ပြန်ပါဘူး။သူ့အခန်းရှေ့မှာ ခြေစုံရပ်နေခဲ့သူက Sasaeng fanထက်ပိုဆိုးတဲ့ သူ့ဘဝအက္ခရာလေးပါ။
သူ့နောက်ကိုStalkerလိုက်တတ်တဲ့Fanမျိုးမဟုတ်ဘဲ သူကပြန်stalkerလိုက်နေရတဲ့လူသားဖြစ်နေသတဲ့လေ။

ဟွတ်ဒီပွပွကြီးနဲ့ အားကစားဘောင်းဘီပွပွကြီးကြားထဲမှာ နစ်မြုပ်နေလျှက်ရှိတဲ့
ထိုလူသားဟာ တစ်ကိုယ်လုံးကို အလုံထုတ်ထားခဲ့သည့်တိုင်...၊မျက်နှာတစ်ခုလုံးကို ကွယ်ဝှက်ထားလိုက်တာများ မျက်လုံးလေးတွေပင်မမြင်ရတော့သည့်တိုင် ကျွန်တော်ဂျွန်ဂျောင်ကုဟာ သူနဲ့ပတ်သတ်လာရင် မမှတ်မိစရာဘာအကြောင်းများရှိပါ့မလဲ။

* မောင့်ကို လွမ်းလို့လိုက်လာတာလား ဂျီမင်ရှီ *

ဂျွန်ဟာ အပြုံးရေးရေးလေးများထင်းနေတဲ့ပြုံးစစမျက်နှာလေးနဲ့ သူ၏လှစွာသောလေးကို ဧည့်ဝတ်ပြုလိုက်ပေမယ့်လည်း သူပြန်ရလိုက်တာက ခပ်လှလှမျက်စောင်းလေးတစ်ချက်တဲ့။

* ဖယ်ပါ!! *

ဖက်ထုပ်လေးအလား တစ်ကိုယ်လုံးပတ်ထုတ်ထားသူလေးသည် ဂျွန့်ကိုမျက်စောင်းတစ်ချက်ရွယ်သွားခဲ့ပြီး အိပ်ခန်းထဲထိတန်းတန်းမတ်မတ်ဝင်ချသွားခဲ့လေသည်။
သူ့အိမ်..သူအိမ်ရာလိုမျိုးပဲ။အားနာခြင်းမျိုးလည်း အလျဥ္းမရှိပါ။

ထို့နောက် ထိုသက်ရှိစူပုတ်လေးဟာဖြင့်
ဂျွန့်အငွေ့အသက်များမပျက်ပြယ်သေးတဲ့
မွေ့ယာထူထူထက်၌ ပစ်လှဲချလိုက်ရင်း မျက်လုံးလေးများကို တောင်ကြည့်မြောက်ကြည့်လုပ်လိုက်ပြီးမှ အခန်းအပြင်ကလူကိုပြန်လှည့်ကြည့်ဖို့သတိရတော့၏။

အခန်းအပြင်ကဂျွန့်မှာသာ ဒီအခြေအနေကြီး​ကိုလိုက်မမှီတော့တဲ့ပုံလေးနဲ့ ဂျီမင်နောက်ကိုဆက်မလိုက်ရဲခဲ့ပါ။အဲ့အစား ရေလေးတစ်ခွက်လောက် ခပ်တိုက်ရန်သာစိတ်လောနေခဲ့လိမ့်မည်။

ဘာကိုအလိုမကျဖြစ်လာပြန်ပြီလဲ ဂျွန်မသိချင်ပါဘူး။သူသိတာက ပတ်ခ်ဂျီမင်ကိုပါပဲ။

* ပင်ပန်းလာတာလား မောင့်ဂျီမင် *

* အဲ့မျက်နှာကြီးကိုမမြင်ချင်ဘူး ထွက်သွား *

(OS Collection)Where stories live. Discover now