သူ့ကိုလှမ်းကြည့်နေတဲ့အမျိုးသမီးကြီး၏ မျက်လုံးတွေဟာဖြင့်သိပ်ကိုနက်နဲလွန်းနေကာ များလှစွာသောပဟေဋိတွေလည်း
ထိုမျက်ဝန်းထဲမှာရှိနေသေးသည်။အဖြေညှှိရတာတွေကိုမကြိုက်ဘူး..အဲ့ဒီအစား တစ်ခြားတစ်ခုဆိုရင်ရော?ဘယ်လိုလဲ။

စားပွဲ၏တစ်ဖက်မှာဝင်ထိုင်လိုက်တာနဲ့ တစ်ဖက်ကအမျိုးသမီးကြီးသည် သူ့အား သေချာစိုက်ကြည့်နေပြီးမှ သူနဲ့သက်ဆိုင်သမျှစာရွက်စာတမ်းတွေကိုပြန်ဖတ်နေလေသည်။ဒီအခန်းထဲ သူဝင်မလာခင်ကတည်းကသူ့အလုပ်လျှောက်လွှာကိုဖတ်ပြီးသားဆိုတာသိပေမယ့် သူဣရစွာသာထိုင်ပေးနေခဲ့ရ၏။

* နာမည်က ပါ့ခ်ဂျီမင်းနော်။
မင်းကယောကျာ်းလေးတစ်ယောက်ပဲ။လုပ်ရမယ့်တာဝန်ကနေမကောင်းတဲ့ကလေးတစ်ယောက်ကို ပြုစုပေးရမှာ...။အန်တီတို့ဘက်က လူခေါ်စာကြော်ငြာစဥ္ကတည်းက ထည့်ရေးထားပေးတယ်နော် မင်းသေချာဖတ်ကြည့်ခဲ့ဲရဲ့လား *

* ဟုတ်ကဲ့ ကျွန်တော့်ဖတ်ခဲ့ရပါတယ် *

* ကလေးထိန်းတစ်ယောက်ဆိုပေမယ့် အန်တီလိုချင်တာနပ့်စ့်တစ်ယောက်ပါ ​သားလေးကအောက်ပိုင်းမသန်စွမ်းတဲ့ကလေးလေ...၊မင်းလုပ်နိုင်မယ်လို့ ယုံကြည်ချက်ရိှလား *

* ဟုတ်ကဲ့ ကျွန်တော်ယုံကြည်ချက်ရှိပါတယ် *

ခိုင်မာမှုအပြည့်နဲ့ သူ့ရဲ့တစ်ချက်မတုံ့ဆိုင်းတဲ့တုံ့ပြန်မှုတွေကို အမျိုးသမီးကြီးသည်သဘောကျသည့်ဟန်မျက်ဝန်းတွေဖြင့်စိုက်ကြည့်နေခဲ့သလို နှစ်ခြိုက်စွာလည်းပြုံးနေသေးသည်။

* အန်တီလိုချင်တဲ့အရည်အချင်းတွေနဲ့ကိုက်ညီနေတဲ့မင်းကို အန်တီကတော့ သဘောကျပါတယ်။ဒါပေမယ့် သားလေးက နည်းနည်းဂျီကျတတ်တဲ့ကလေးဆိုတော့ သားကိုမင်းနဲ့အရင်ဆုံးပေးတွေ့မယ် အန်တီသားနဲ့တွေ့ကြည့်ပေးလို့အဆင်ပြေမလား။ *

ကလေးထိန်းအလုပ်ကိုလာလျှောက်သူတွေထဲ ထူးထူးခြားခြားမိန်းကလေးမဟုတ်တာဆိုလို့ ပါ့ခ်ဂျီမင်းတစ်ယောက်တည်းပဲရိှခဲ့တယ်။
အလုပ်ရှင်ဖြစ်လာမယ့်သူကလည်း များစွာသောအလုပ်လျှောက်သူတွေထဲ ဒီယောကျာ်းသားကိုသာ သဘောတွေ့နေပုံရတာမို့ ဒါဟာဘယ်လိုတောင် အံဩဖို့ကောင်းတာပါလိမ့်။

(OS Collection)Where stories live. Discover now