သစ်ခက်အိမ်

Start from the beginning
                                    

ဂျောင်ကုသာလျှင် အမြဲတမ်းလိုလို ဈေးဝယ်သွားဖြစ်ပြီး အစ်ကိုယွန်းဂီသည် ဘယ်တော့မဆို ဂေဟာအပြင်သို့မထွက်တတ်ပါ။ဒါသည်လည်း အကြောင်းရှိတယ်။ဂျောင်ကုလောက်အစ်ကိုကမသွက်လက်သလို တည့်တိုး(ဒဲ့တိုး)
ဆန်တဲ့စိတ်ကလည်း လက်တစ်ဆစ်။

သူ့ကိုသာ ဈေးအဝယ်တော်လွှတ်လိုက်လျှင်
မှာလိုက်သည့်ပစ္စည်းအစား ပြဿနာတွေသာ
ဂေဟာထဲ သွင်းလာတတ်လို့ဖြစ်သည်။ကြာတော့ ဆရာမကြီးလည်း ကြောက်ရှာပြီပေါ့။

* အစ်ကို အဲ့လိုဒေါသလက်တစ်ဆစ်ဖြစ်နေလို့ ကလေးတွေကအစ အစ်ကို့အနားကပ်ရမှာကြောက်နေကြတာ *

* ဘယ်ကလေးက အဲ့လိုပြောရဲတာလဲ *

* ဘယ်ကလေးမှတော့မဟုတ်ဘူး ကျွန်တော်ပြောတာဗျ *

​ဆေးကြောလို့ပြီးမှ လက်တွေကိုရေဆေးချလိုက်ပြီး ဘောင်းဘီဖင်နဲ့ဖြစ်သလိုသုတ်ပစ်ရင်း အစ်ကိုယွန်းဂီရဲ့လက်ထဲကပိုက်ဆံနှင့်စာရွက်ကိုဆွဲယူသွားပြီး ဟွန်းခနဲရယ်ရှာ၏။
လက်တစ်ဆစ်အစ်ကိုက ဒါလေးစမိတာကို
ရုပ်ကြီးက တည်တင်းနေပြီ။

ကျောက်ကန်အနားကနေ လှစ်ခနဲထွက်ပြေးသွားတော့ အစ်ကိုဆီက"ခွေးကောင်လေး"ဟု
ဆဲရေးသံကိုကြားလိုက်ရတယ်။

မီးခိုးရောင်ဂျပန်ဘီးကလေးကိုခွပြီး တောင်ကုန်းလေး၏လျှောဆင်းလေးအတိုင်း စက်ဘီးကိုနင်းချသွားသဖြင့် ကလေးအုပ်စုကနောက်ကနေပြေးလိုက်ကြသေးတယ်။
ထိုခေတ်ထိုအခါက ကလေးတွေသည်သိပ်အဆောသန်ကြသည်လေ။

..... သစ်ခက်အိမ် .....

"ရိပ်မြုံဂေဟာ"သည် လူနေအိမ်တွေနဲ့အနည်းငယ်မျှအလှမ်းဝေးကွာသည့် တောင်ကုန်းတစ်ခုပေါ်မှာသီးသီးသန့်သန့်
ဆောက်လုပ်ထားတာဖြစ်ပြီး ထိုဝန်းထဲမှာပဲ ဘုရားကျောင်းလေးတစ်ခုလည်းရိှသေး၏။

ဂေဟာမှ လျှောမတ်မတ်လူသွားလမ်းကလေးအတိုင်းဆင်းလာလျှင် ခြံတံခါးဝ၌ မိုးမခပင်အိုကြီးတစ်ပင်လည်းရှိသေးသလို၊အပင်အိုရဲ့
အခက်အလက်တွေက ခန်စီးသဖွယ်၊နွယ်ဒန်းသဖွယ် မြေပြင်၌ ငိုက်ဆန်းကျနေသည်။

ပြီးတော့ ထိုမိုးမခပင်၌သစ်သားပြားဒန်းကလေးတစ်ခုဆင်ထားသေး၏။

(OS Collection)Where stories live. Discover now