8

60 6 6
                                    

        ဒီနေ့မနက် Wooyoung ရဲ့စိတ်တွေတက်ကြွလို့နေတယ်။ ကျော့ကျော့မော့မော့ပြင်ဆင်ထားတာက မင်းသားရှုံးလောက်အောင်ဆိုပေမယ့် သူနဲ့တော့ လိုက်ဖက်လွန်းတယ်။ အားလုံးပြင်ဆင်ပြီးတော့ ဧည့်ခန်းထဲကိုသွားပြီး လိပ်စာကဒ်လေးကိုကောက်ကာ သူ့ရဲ့ဘောင်းဘီအိတ်ကပ်ထဲကိုထည့်လိုက်တယ်။ ဟုတ်တယ် သူ Hongjoong ရဲ့ကုမ္ပဏီမှာအလုပ်၀င်ဖို့ကိုဆုံးဖြတ်လိုက်တာဖြစ်တယ်။

ဒီနေ့မှပဲ ရာသီဥတုကသာယာလို့နေတယ်။ တကယ်ပဲ Wooyoung အတွက်ကောင်းတာတွေ ဆောင်ကြဥ်းပေးတော့မယ့်အလား။ ကားမှတ်တိုင်ကိုရောက်တော့လည်း ကားကအဆင်သင့်ရောက်လို့နေပြီဖြစ်တယ်။ ဒီလိုနဲ့ပဲ သွားရမယ့်မှတ်တိုင်ကနီးလာပြီ။ ဆင်းရမယ့်မှတ်တိုင်မှာ ကားရပ်သွားတာနဲ့ Wooyoung သွက်သွက်လက်လက်ကားပေါ်ကဆင်းလိုက်တယ်။ မှတ်တိုင်နဲ့ မနီးမဝေးက မြင့်မားတဲ့အဆောက်အအုံကြီးက Wooyoung ကိုဆီးကြိုလို့နေတယ်။

အဆောက်အဦးထဲဝင်လိုက်တာနဲ့ အေးမြတဲ့ခံစားချက်နဲ့ အနံ့မွှေးမွှေးလေးက Wooyoung ရဲ့စိတ်အစဥ်တို့ကို ပိုလို့တောင်ကြည်လင်သွားစေတယ်။ Wooyoung သတိလက်လွတ်ဖြစ်နေတုန်း receptionist ကောင်မလေးက သူ့ရဲ့ပုခုံးကိုလာတို့မှပဲ သူဘယ်ရောက်နေလဲဆိုတာ သတိရတော့တယ်။

"အာ ဟုတ်ကဲ့ ကျွန်တော် အလုပ်လာ-"

"ဟုတ်ကဲ့ ဒီဘက်ကိုကြွပါ အစ်ကိုက Jung Wooyoung ထင်တယ်"

"ဟုတ်ပါတယ်"

"CEO.Kim ကအစ်ကိုလာရင် သူ့အခန်းထဲကိုလိုက်ပို့လိုက်ပါဆိုလို့ ညီမစောင့်နေတာ ကြွပါရှင့်"

-ဒေါက်-ဒေါက်-

"ဝင်ခဲ့"

        တံခါးခေါက်သံအဆုံး တံခါးတစ်ဖက်ခြမ်းက ခပ်ပြတ်ပြတ် စကားသံထွက်ပေါ်လာတယ်။ တံခါးခေါက်ပြီး ပြန်လှည့်လာတဲ့ ကောင်မလေးရဲ့မျက်နှာဟာလည်း အနည်းငယ်​ပျက်ယွင်းလို့နေခဲ့တယ်။ Wooyoung ကတော့ ဒါတွေသတိမထားမိပါ။ ကောင်မလေး ခေါင်းငြိတ်ပြလိုက်တာနဲ့ အခန်းတံခါးဖွင့်ပြီး ဝင်သွားလိုက်တာပါပဲ။

အခန်းထဲရောက်တော့ စုံလည်ထိုင်ခုံပေါ်မှာထိုင်ပြီး စာရင်းလုပ်နေပုံရတဲ့ Hongjoong ကို သူရောက်နေကြောင်းအသိပေးရန် ချောင်းဟန့်လိုက်တယ်။ ထိုအခါမှ မော့ကြည့်လာတဲ့ Hongjoong မျက်နှာကလည်း ယခင်ကျုံ့ထားတဲ့မျက်ခုံးတွေက ပြေလျော့လာတယ်။

You've reached the end of published parts.

⏰ Last updated: Jan 24 ⏰

Add this story to your Library to get notified about new parts!

It's not your fault I can't be what you needWhere stories live. Discover now