✨ဦးဆွေးဆံမြည့်-၁၁✨

Start from the beginning
                                    

'ဟိုတစ်ယောက်လေ..ငါ့ဆီ ဖုန်းတွေတဂွမ်ဂွမ်ဆက်နေတာ.. တကယ်အာရုံပဲ...'

'ပိုင်ဇေထွဋ်ဆိုတဲ့ကောင်လား..'

'အင်းလို့..'

'အဲဒီ့ကောင်က ရည်းစားငုတ်တုတ်ကြီးရှိလျက်နဲ့ ဘာအထာတွေခင်းနေတာလဲ...'

'မသိပါဘူးဟယ်.. အိန်ဂျယ်မကလည်း အခုတလော ပို့စ်တင်တိုင်း မထိခလုတ်ထိခလုတ်နဲ့ အနှောင့်အသွားကိုမလွတ်ဘူး..ငါ့ကိုလည်း တစ်နေ့ကလာပြောသေးတယ်.. ရည်းစားထားမယ်ဆို ပိုင်ရှင်ရှိတာတွေရှောင်တဲ့..'

'အံမာ.. သူက အဲလိုပဲပြောသလား...'

'ဟုတ်ပါ့... သူ့ကောင်က ငါ့ကို လာရောနေတာ နင့်အမြင်ပဲလေ.. အဲဒီ့ကောင်ရုပ်ကို ငါက ကြိုက်စရာလား.. သူ့လူကျ မပြောဘဲ ငါ့ပဲ လာလာစောင်းနေတာ.. ငါ့မှာ မပတ်သက်ချင်လို့ကင်းကင်းနေတာတောင် အဲဒီ့ဟာမအပြောက မလွတ်ဘူး...'

'ဒီကောင်မ အတော်ဆိုးနေပြီ.. နင်လည်း အဲဒီ့ကောင်ပို့ထားတဲ့စာတွေ၊ recordတွေ တစ်ခုမှဖျက်မပစ်ဘဲ သိမ်းထား..'

'မဖျက်ရသေးဘူး.. နင့်ကိုပြချင်လို့ တကူးတကသိမ်းထားတယ်..'

'နင်က အနေမှန်တာပဲ.. ဘယ်သူ့မှဂရုစိုက်စရာမလိုဘူး.. ငါတစ်ယောက်လုံး သိတယ်...'

'နင် သိလို့သာပေါ့... အခုတလော ငါ့ကို မကြည်ကြည့်နဲ့ရှောင်နေကြတာနော်...'

'ဂရုစိုက်မနေနဲ့.. အဲဒီ့အကြောင်းထားလိုက်.. ငါနဲ့စင်တာသွားရအောင်.. ငါ ဝယ်စရာနည်းနည်းရှိလို့... '

ကိကိ ကျောပိုးအိတ်လွယ်၍ ထရပ်စဥ် ဇဝါဝင်လာ၏။

'ဇဝါ..နင်ရော စင်တာလိုက်ဦးမလား..'

နိုမီနှင့်ဇဝါက ရုံးသွားရုံးပြန် ဖယ်ရီနှင့်ဖြစ်ကာ ကိကိတစ်ယောက်သာ ကိုယ်ပိုင်ကားတွေအမျိုးမျိုး မရိုးနိုင်အောင်စီး၍ ရုံးတက်သည်။ အဝတ်အစား၊ဖိနပ်၊ မျက်မှန်ကအစ Brandတွေချည်းသုံးတတ်သော်လည်း မုန့်ဖိုးအမြဲပြတ်လပ်နေတာ သူမပဲဖြစ်သည်။

'ငါက မလိုက်တော့ဘူး.. ကိစ္စရှိလို့ အိမ်ပဲပြန်တော့မှာ...'

ဇဝါက ငြင်းလိုက်သဖြင့် ကိကိနှင့်နိုမီပဲ ရှော့ပင်းစင်တာသို့သွားခဲ့ကြသည်။

The Legend Of The Phoenix:Born To Love YouWhere stories live. Discover now