✨ဦးဆွေးဆံမြည့်-၁၁✨

Bắt đầu từ đầu
                                    

'အမလေး.. သတင်းထောက်လုပ်တာတောင် ပါးပါးက ပွစိပွစိနဲ့ပြောလို့မဆုံးဘူး.. စုံထောက်သာလုပ်ရင် အိမ်ပေါ်ကနှင်ချလောက်တယ်...'

ကိကိ ရှုံ့မဲ့လက်ကာလျှင် နိုမီ တခိခိရယ်လျက် ကင်မရာထဲက ပုံတွေကြည့်နေရာမှ အရယ်ရပ်သွားကာ..

'ကိကိ ဒါက ဘယ်သူတုံး...'

'ဟင်...'

ကိကိ မစ်ရှိတ်သောက်ရင်း နိုမီပြသည့်ပုံကိုကြည့်ကာ ပြုံးမြမြလေးဖြစ်သွားသည်။

'ဟွန်း.. အဲဒါ ငါပြောပြောနေတဲ့ ငါ့ပါးပါးသူငယ်ချင်း..'

'တကယ်လား...'

နိုမီ တအံ့တသြဖြစ်သွားကာ ပုံကိုသေချာထပ်ကြည့်လိုက်ပြန်၏။

'လုံးဝ gentlemanပဲဟယ်.. နင်မပြောနဲ့ ငါတောင်ကြွေချင်တယ်..'

'ဟိုးထား ဟိုးထား..he is mine...'

'နေပါဦး နင်ပြောတော့ သူက နင့်ကိုချေတယ်ဆို.. အဖက်မလုပ်ဘူးဆို...'

'သူအဖက်မလုပ်တဲ့ပုံစံက တစ်မျိုးလေး.. ငါနဲ့ဆို အေးစက်စက်နဲ့စကားနည်းပေမဲ့ အသေးအဖွဲလေးကအစ ဂရုတစိုက်ရှိတယ်ဟ.. ဟိုနေ့က ငါသူ့အိမ်သွားတော့ နေ့လယ်စာအတူစားဖြစ်တယ်.. သူ့အိမ်က ထမင်းချက်ဦးလေးက ငါ့ကိုခရမ်းသီးသုပ်စားမလားမေးတာ.. သူက အဲဒီ့ဟာ ငါမကြိုက်ဘူး ပြန်သိမ်းလိုက်တဲ့.. ငါခရမ်းသီးမကြိုက်တာတောင် သူသိနေတယ် ဟိဟိ...'

ကိကိက အတော်အူမြူးနေပုံဖြင့် ပခုံးတွေပါ ခါနေ၏။ နိုမီ ပြုံးမဲ့မဲ့ကြီးဖြစ်သွားကာ..

'ငါက နင် ယောက်ျားတွေကို ကြည့်မရဘူး အမြင်ကတ်တယ်ပဲပြောနေတော့ ယောက်ျားမယူဘူးတောင်ထင်ထားတာ..'

'သူ့ကိုဆို ဆယ်ခါပြန်ယူမှာ...'

'ရွချက်ဟယ် တကယ်...'

'ရွရွပဲ...'

နိုမီက ကုန်သွားသည့်မစ်ရှိတ်ဘူးကို အမှိုက်ပုံးထဲပစ်ထည့်လိုက်ပြီးမှ စားပွဲပေါ်ကဖုန်းမြည်သံကြောင့် ဖုန်းကိုငုံ့ကြည့်သည်။ ပြီးတော့ ဖုန်းမကိုင်ဘဲ စက်ပိတ်လိုက်၏။ ကိကိ နိုမီ့မျက်နှာကိုအကဲခတ်ရင်း မေးဆတ်လျှင် နိုမီ စိတ်ပျက်လက်ပျက်ခေါင်းခါကာ...

The Legend Of The Phoenix:Born To Love YouNơi câu chuyện tồn tại. Hãy khám phá bây giờ