အခန်း(၂၂)-Uni

Start from the beginning
                                    

-"အေး..အေးပါမိန်းမရယ်။
  ကိုယ်က မြေးလေးကိုစိတ်ပူမိလို့ပါ"

-"‌ရှင်မှမြေးတော်တာမဟုတ်ဘူး။
  ကျွန်မလည်းတော်တာပဲ။
  ရှင်ပူတာထက် ကျွန်မပိုပူတယ်။
  ဒါပဲတော် ကျွန်မဘုရားစာဆိုဦးမယ်။
တိတ်တိတ်နေကြ နှစ်ယောက်လုံး"

-"ဟုတ်"

နာရီ၀က်ခန့်ကြာသော်-

-"အူဝဲ အူဝဲ"

-"ဟေး!
  ကလေးသံကြားရပြီဟေ့။
  ထွက်ပြီ ငါ့မြစ်ကလေးထွက်ပြီကွ။
  ဘာလေးလည်းမသိဘူးကွာ..
  ရင်တွေပါခုန်တယ်"

ခွဲခန်းမှ ကလေးငိုသံအကြား ‌ထို‌ေနသည့်အဖိုးမှ
ဟေးကနဲထအော်ရင်း ခုန်လေသည်။
အဖွားသည်လည်း အပျော်တွေမဖုံးနိုင်သည့်ဟန်ဖြင့် မျက်နှာပြုံးချိုလျှက်။
ကျွန်ုပ်ရင်မှအလုံးကြီးတစ်လုံး ဘုတ်ကနဲပြုတ်ကျ၍ အပျော်ကလေး ဝေရသည်။ ‌

အော်..တို့ကလေးလေးတဲ့လား။
တို့နဲ့အနိုင်ရဲ့ သွေးသားအရင်းကလေးတဲ့လား။
လောကကိုနှုတ်ခွန်းဆက်တဲ့ အသံနှင့်တင်
မေမေဖြင့် ချစ်လိုက်ရတာကလေးရယ်။
တို့လူဖြစ်ကျိုးနပ်ခဲ့ပြီအနိုင်။
အနိုင့်ကြောင့် တို့ဒီတစ်ခါမှလူဖြစ်နပ်ရပြီ။
ကျေးဇူးပါ အချစ်နိုင်ရယ်။
တို့ကို ဒီလိုပြည့်စုံတဲ့မိသားစုဘ၀ကလေးပေးလို့
သိပ်‌ကိုကျေးဇူးတင်ပါရဲ့။

အပျော်ဝေနေစဉ် ကလေးငိုသံကလေးတဖြည်းဖြည်းတိတ်သွားပြီး‌ေနာက်မကြာမီ ခွဲခန်းတံခါးပွင့်လာခဲ့ပြီ။

-"10:35
  လူနာရှင် မမဇ္ဇူနိုင်
  ယောက်ျားလေးမွေးပါတယ်ရှင်"

-"ဟေး!
  ယောက်ျားလေးတဲ့ကွ။
  ဒါမှငါ့မြေး..ငါလိုချင်တဲ့သားဦးလေးကို
  မွေးချပေးလိုက်တာ။"

ခွဲခန်းမှ အနှီးဖြူဖြူကလေးထုတ်ထားသည့် ကလေးသေးသေးပွေ့လျှက် ထွက်လာသည့်အနီ၀တ်ဆရာမလေးပြောစကားကြောင့် အဖိုးဖြစ်သူက ဒုတိယမ္ပိထခုန်ခြင်းပါလေ။
ကျွန်ုပ်ကတုန်ကယင်ဖြင့် ဆရာမအနီးသို့ အပြေးကလေးသွားမိသည်။
အနီးအရောက် အနှီးထုတ်ကလေးထဲမှ ငုံ့ကြည့်မိစဉ်ဆံပင်နက်ကနက်ကလေး ထောင်နေသည့် နီတာရဲ ကလေးလေးရဲ့မျက်နှာနုနုက‌ေလး‌ေကြာင့် ရင်ထဲမှကြည်နူးစိတ်က‌ေလးတသိမ့်သိမ့်။
ဟန်မဆောင်ဘဲ တပြုံးပြုံးဖြင့် ကလေးရဲ့ခပ်ချွန်ချွန်နှာထိပ်ကလေးကို တို့ထိမိတော့ မျက်ခုံးရှုံ့လျှက် ခေါင်းကလေးလှုပ်သည့် သားကလေး။
အူယားစဖွယ်ပင်။

"အနိုင့်ဉယျာဉ်မှူး"Where stories live. Discover now