အခန်း(၂၀)-Uni

Start from the beginning
                                    

-"ဟွန့် အပြောတော်တော်ကောင်း။
  ပြီးရင် သူများကို ပစ်ထားခဲ့ဦးမှာမလား။
  သိပ်မယုံချင်ဘူးဝါ။
နောက်ထပ်များဆို ဒီလူပဲရူးရမှာ"

-"ရူးစရာလား အသဲငယ်ရယ်။
  တို့ကရူးခွင့်ပေးမတဲ့လား။
  အနိုင်ဘေးမှမဟုတ်ရင် အသက်မရှင်ချင်တဲ့
  တို့လိုလူကို ဒီလိုအပြောတွေနဲ့
  အနာမဆွစမ်းပါနဲ့ကွယ်။
  တို့တောင်းပန်ပါတယ်။
တို့တောင်းပန်ပါရဲ့။
ဖြစ်သမျှအရာရာက မင်းကိုချစ်သမျှနဲ့ညီပါတယ်။
မင်းနစ်နာသွားရင် မင်းထက်ပိုထိခိုက်ရမှာက
တို့ပါအနိုင်။
တို့ပါကွဲ့။
အဲ့မို့ အရင်ကိစ္စတွေနဲ့တို့ကို
စကားနာမထိုးစမ်းနဲ့။
တို့ရင်ထဲမှာ ယူကျိုးမရဖြစ်ရလွန်းလို့ပါ"

-"ဟူး..
ဒါမယ့်ဝါရယ်..။
ဝါ့ကိုခုထိယုံချင်ပေမယ့်
မယုံရဲဘူးသိလား။
အနိုင်ကတစ်ခါသေဖူးပြီးသွားပြီဝါ။
ပျဉ်ဖိုးတော့နားလည်ရမပေါ့‌ေနာ်။
အရင်ကအရာရာ ပုံအောချစ်ခဲ့ပြီးမှ
မထင်မှတ်ပါဘဲ..ရွှတ်
အနိုင်အပြစ်မရှိခဲ့ပါဘဲနဲ့
ဝါရက်စက်တာ ခံခဲ့ရပြီးပီလေ။
ချစ်လွန်းလို့သာ ပြန်နီးစပ်ချင်‌ေပမယ့်လို့
နာခဲ့ဖူးတဲ့ရင်ကဒဏ်ရာကလေ
အခုထိ အနာမကျက်သေးဘူးဝါ။
အနိုင့်ကိုလေ
အနိုင့်ကို
ဝါ အပြစ်ဖို့ချင်သပါ့ဆိုဖို့ပါ။
ထပ်တော့မယုံပါရ‌ေစနဲ့‌တော့။
ဒါက နူးညံ့ပါတယ်ဆိုတဲ့ ကြက်ဉအခွံ‌ေအာက်က
အဖြူကြည်အရေးပါးလေးလို
အနိုင်က ကိုယ့်ကိုယ်ကိုကာကွယ်ခြင်းပါ။
ဒီလောက်မှ မကာကွယ်ထားရင်လည်း
နောက်တစ်ခါများဆို အနိုင်က..အနိုင်က.."

-"နိုင်ကလေးရယ်။"

ဝါ ရင်ဘတ်၌စိုသွားသည့် ချစ်သူမျက်ရည်ပူပူနှင့်တကွ  ဆို့နင့်စွာပြောသည့် ခပ်တိုးတိုးစကားတို့ရယ်ကြောင့် အလှတရားဟူသမျှမမြင်နိုင်တော့ပါ။
ရှင်လျှက်ကျသည့် ငရဲရှစ်ထပ်ပါလေ။
သို့ပေသိ ဒီအရာတွေက ကိုယ်ကိုယ်တိုင်ဖန်တီးခဲ့သည်မလား။
ကိုယ့်အပြစ်နှင့်ကိုယ်သာ ရှိပါစေတော့ဆိုသည့်သီချင်းကလေးသာ ညည်းပြချင်မိသည်။

အနိုင်ရယ်
တို့ဘယ်လိုလုပ်ပေးမှ..
တို့ဘာတွေပြန်ပေးဆပ်မှ
မင်းယုံကြည်ချက်ပြန်ရပါ့မလဲကွယ်။

"အနိုင့်ဉယျာဉ်မှူး"Where stories live. Discover now