အခန်း(၁၇)-Uni

Start from the beginning
                                    

ဟုတ်သည်။
ကျွန်ုပ်တို့ဇနီးမယားနှစ်ဦးစလံုးမှာ ဖိုးဖိုးဖွားဖွားတို့ပြန်သည်နှင့် မိုးကုတ်သို့လိုက်ပါလာရခြင်းဖြစ်သည်။
ကျွန်ုပ်အတွက်မူ နဂိုကတည်းက ရွာတွင် စီးပွားရေးလုပ်ထားသည့်အရာမရှိသဖြင့် ကိစ္စမရှိ‌။သို့သော်ငြား ကလေးများ ပညာရေးကို တန်းလန်းကြီးထားခဲ့ရသဖြင့် စိတ်တော့မကောင်းပေ။ သို့ပေသိ ထိုကိစ္စအတွက် ဆရာတော်မှ သူ့အသိထဲမှ ဆရာတစ်ယောက်အကူ‌ယူမည်ဟုတော့ မိန့်၏။
ထို့ကြောင့် စိတ်အနည်းငယ်အေးကာ လိုက်ပါခဲ့ရခြင်းပင်။
သို့ရာတွင် ကျွန်ုပ်အတွက် ကိစ္စမရှိသော်ငြား
ရွာရှိအက်များတွင် လူမနိုင်သည့်ကြားက လိုက်ပါလာသည့် ဝါ့အတွက်မူ များစွာကိစ္စရှိ၏။
မိန်းမနှင့်မခွဲနိုင်သည်ဟုဆိုကာ ကောက်ကောက်ပါလိုက်ဖို့ပြင်စဉ်က ခြေသလုံးဖက်မတတ် တားသည့် ကိုဖိုးထောင်နှင့်မနုအား မျက်လုံးထဲကပင်မထွက်။
ရယ်လည်းရယ်ချင့်စဖွယ်ပင်။
ထိုသို့တားသည့်တိုင် မရသည့်အခါမှ မျက်ရည်စက်လက်ဖြင့် ကျန်ခဲ့သည့် ထိုလင်မယားသည် သနားစဖွယ်လည်း‌ေကာင်း၏။

သည်တွင် အခြေကျမှသာ ရွာကအလုပ်များအတွက်
သူနှင့်တကွ ပြန်စီစဉ်‌ေပးရမည်။
မိမိတို့မလုပ်နိုင်သည့် အက်များကို ရောင်းသည့်ဟာရောင်း မရောင်းသည့်ဟာ အဝိုင်းချစသည်ဖြင့်စီစဉ်ရပေမည်။
မည်သို့ဆိုပါလေ ငါးလုပ်ငန်းနှင့် ကျောက်လုပ်ငန်းသည်က အကွာကြီးမဟုတ်ပေလား။
အက်ရောင်း၍ရသည့်ပိုက်ဆံနှင့်တကွ စုမိဆောင်းမိထားသည့်ဟာဖြင့် သူ့ကို ကျောက်တွင်းတစ်တွင်း ၀ယ်ပေးဖို့ပြင်ရမည်။
ဒါမှသာ အလုပ်လုပ်ချင်သည့် သူလည်း ခြေကုတ်မိပါလိမ့်မည်။
သည်နေ့တော့ မိုးကောင်းနေသဖြင့် တွင်းရှိရာမသွားနိုင်ပါ။ ချမ်းအေးလှသည့်ရာသီတွင် အိမ်ထဲနေ၍
ချစ်သူရင်ခွင်‌ေနွး‌ေနွး၌ ခိုလှုံရသည်။
သည်အိမ်ကလေးကို ‌အဖွားက မဂ်လာလက်ဖွဲ့ဟုဆိုကာ ရောက်သည်နှင့် ၀ယ်ပေးခဲ့သည်။ အိမ်ကလေးသည် 3ခန်းပတ်လည် 2ထပ်အိမ်ကလေးဖြစ်ပြီး
ခြံ၀င်းပါကျယ်သဖြင့် အတော်လေးအသက်ရှူ‌ေချာင်သည်။သို့သော် ဤသို့
ခြံအကျယ် အိမ်အကြီးထဲ၌ မိမိတို့ ဇနီးမယားနှစ်ဦးရယ် ခြံစောင့် ဦးဖိုးနီနှင့် ထမင်းချက်ဒေါ်ဖြူတို့ လင်မယားရယ်သာရှိသည်ကြောင့် ပျင်းတော့ပျင်းမိ၏။ အလည်အပတ်သွားရအောင်လည်း ကားရှိလျှက် ကားမမောင်းတတ်ကြသဖြင့် အဆင်မပြေလှ။
နောက်များမှ ဖိုးဖိုးကို သင်ခိုင်းရဦးမည်။

"အနိုင့်ဉယျာဉ်မှူး"Where stories live. Discover now