အခန်း(၁၆)-Zawgyi

Start from the beginning
                                    

-"ဖြစ်နိုင်ရင်လေ
တို့အပြစ်တွေ‌ကျေတဲ့အထိ
ပြန်ပေးဆပ်ခွင့်ရချင်တယ်အနိုင်
မင်းသာ ခွင့်ပြု‌ပေးရင်ပေါ့။
ဒါမယ့် မဖြစ်နိုင်တော့ဘူးထင်တယ်နော်။
ဟုတ်သလား။
တို့ကလေးငယ်က တို့အပေါ်
အရမ်းနာကျည်းသွားခဲ့ပြီမလား။"

-"တို့ဘယ်လိုလုပ်ရမလဲဟင်။
အနိုင် ကျေနပ်အောင်အထိ
တို့ဘယ်လိုများ တောင်းပန်ရမလဲ။
တို့အဖြစ်ကလေ အပြစ်ကြီးလေးလွန်းလို့
အနီးကိုဆွဲထားချင်ပါရဲ့နဲ့
လက်လွှတ်ပေးရတော့မယ် ထင်ပါရဲ့
ကလေးငယ်ရယ်။"

-"မင်းကို တို့သိပ်ချစ်ရပါတယ်။
သိပ်လည်းမြတ်နိုးခဲ့ရတယ်။
မြတ်နိုးရလွန်း ချစ်ရလွန်းလို့ကို
မင်းကို တို့တစ်ဦးတည်းပဲဆိုင်ချင်ပိုင်ချင်ခဲ့တယ်
ဒါပေမယ့် နိုင်ကလေးရယ်
အဲ့ဒီ အတ္တတွေက
အခြားလူတွေရဲ့ပယောဂ‌တွေကြောင့်
ကိုယ်မပိုင်ရရင် ကိုယ်ပဲချနင်းမယ်ဆိုတဲ့
စိတ်ယုတ်မာတွေအဖြစ် ပျောင်းသွားရတယ်။
အခုတော့ အဲ့ဒီစိတ်ယုတ်မာ‌တွေကြောင့်ပဲ
တို့မင်းကို ထိခိုက်စေခဲ့ပြီ နိုင်ကလေးရယ်။
ဒါကြောင့်လေ တို့အပြစ်တွေကို
ပေးဆပ်တဲ့အနေနဲ့
တသက်လုံး လွမ်းဆွတ်ခြင်း
ယူကျိုးမရခြင်းဆိုတဲ့
သံတိုင်တွေကြားမှာ နောင်တများစွာနဲ့
အချစ်အကျဉ်းသားအဖြစ်
ပေးဆပ်ခံယူဖို့ဆုံးဖြတ်လိုက်ပါပြီ။
တို့မင်းကို လက်လွှတ်ပေးလိုက်ပါတော့မယ်ကွယ်။
တို့လိုလူက ဒီလိုရင်ကွဲခံရဖို့ပဲတန်တာမို့လို့
တို့နာနာကျင်ကျင်နဲ့ပဲ
အနိုင့်ကို လွတ်လပ်ခွင့်ပေးလိုက်ပြီနော်။
တို့မရှိတဲ့ဘ၀မှာ မင်းပျော်ပျော်ရွှင်ရွှင်နဲ့
အသက်ရှည်ရှည် နေထိုင်သွားပါတော့ကွယ်။
တို့နှုတ်ဆက်ခဲ့ပါတယ် "

အရှူံးသမားပီပီ ယူကျိုးမရသည့်နောင်တများစွာဖြင့်
ချစ်ရသူရဲ့ နှုတ်ခမ်းဖျားထက် နောက်ဆုံးအဖြစ်
အနမ်းတပွင့်ကို ခပ်ဖွဖွပေးမိသည်။
မလွှတ်ချင်သည်အထိ အမြဲစွဲလမ်းခဲ့ရဖူးတဲ့
သည်နှုတ်ခမ်းရဲရဲကလေးကို နောက်ဘယ်တော့မှ
နမ်းရှိုက်ခွင့်မရတော့ဘူးတဲ့လား။
သည်မျက်တောင်ကော့ကော့ကော့ကလေးတွေရော
မမြင်ရတော့ဘူးလား ကလေးငယ်ရယ်။
မင်းရဲ့ရယ်လိုက်တိုင်း မြင်ရတတ်တဲ့
သွားတက်ဖွေးဖွေးကလေးနဲ့ ပါးချိုင့်ကလေးကိုရော နောက်ဆုံးအဖြစ် မြင်‌တွေ့ခွင့်ပေးမလား။
ရူးရတော့မယ် အနိုင်။
မင်းကိုတကယ် စွန့်လွှတ်ရတဲ့နေ့က
တို့တကယ်ရူးရတဲ့နေ့ပါပဲကွယ်။

"အနိုင့်ဉယျာဉ်မှူး"Where stories live. Discover now