အခန်း(၁၅)-(က)/Uni

Start from the beginning
                                    

-"အဟက်..ယုံတယ်တဲ့လား။
ကျွန်မလို မျက်စိနဲ့တပ်အပ်မြင်ခဲ့ရင်‌ေရာ။
ထားပါ။
မနုသူ့ကိုယုံတာ မနုရဲ့အပိုင်း‌ေလ။
ကျွန်မကတော့ သူ့ကိုမယုံ‌ေပးနိုင်ဘူး။
ကိုယ့်မျက်စိနဲ့မြင်ခဲ့တာကိုပဲ ယုံပေးနိုင်တယ်မနု။"

-"အင်း..အဲ့တာဆိုရင်
  ငါတစ်ခုလောက်ထပ်ပြောဦးမယ် အဝါ။
  ပြောမှာထက် လုပ်ခိုင်းချင်တာ။
  မနက်နေထွက်ထွက်ချင်း
  အပြင်သွားထွက်ရပ်လိုက်။
  ပြီးရင် ပေါ်လာတဲ့အရိပ်ကိုကြည့်။
   နင့်လက်ရှိအရပ်ထက်
  တော်တော်လေး ပိုရှည်နေလိမ့်မယ်။
  ဒါမယ့် ခုနေချိန်နင်သွားရပ်မယ်ဆို
  နင့်ရဲ့ပုံမှန်အရပ်ထက် ပု‌ေနတာကိုမြင်ရလိမ့်မယ်။
  အဲ့တော့ နင်ပြောကြည့်
နင့်အရိပ်ကိုတောင် နင်ယုံလို့ရရဲ့လား။
ဒါထဲကမှ မျက်စိနဲ့မြင်လို့ယုံချင်သပါ့ဆိုရင်
နင့်အရပ်က နေထွက်ချိန်ကျအရှည်ကြီး
မွန်းတည့်ချိန်ကျ အပုလေးဆိုပြီး‌ေတာ့
နင်လက်ခံလိုက်ပေါ့!။"

-"ဟူး..မနုရယ်
ဘာလို့များကျွန်မကို လာရွဲ့နေရသလဲ။
အကြောင်းအရာချင်းတူမှမတူတဲ့ဟာကို။"

-"ဘာကိုမတူတာလဲ။
အဲ့အရာတွေအကုန်နင့်မျက်စိနဲ့မြင်တာချည်းပဲလေ!။"

-"တော်ပြီ မနုရယ်။
  ကျွန်မ ဘာမှပြောချင်စိတ်မရှိတော့လို့။
  အစ်ကိုရေ! အစ်ကို!
  အစ်ကိုဖိုးထောင်ရေ!"

အစပိုင်းတွင် ချိုချိုလေးဖြင့် နား၀င်သာအောင်ပြော‌ေနသည့် မနုစကားများသည် တဖြည်းဖြည်း နား၀င်ဆိုးလာခဲ့၏။
ကျွန်ုပ်အပေါ်သို့ ရန်လိုသည့်ဟန်ဖြင့်
တင်းမာလာသည့်မနုသည် မိမိရဲ့အနိုင့်အ‌ေပါ်ထားသည့်ချစ်ခြင်းကိုပါယှဉ်၍ ပုတ်ခတ်လာခဲ့သည်။
ခံပြင်းမိပါ၏။
ဒီလိုသာ ဆက်ပြော‌‌ေနလျှင်အခြေအနေတွေ
ရှုပ်‌ေထွးလာနိုင်သည်။
ထို့ကြောင့် အစ်ကိုဖြစ်သူကို အော်ခေါ်မိတော့။

-"ဟေ! ဟေဟ!
  ဘယ့်နှယ်တွေ စွတ်အော်နေတာလဲ။
  ငါက ဒီနားတင်ထိုင်ကွမ်းယာနေတာကို။"

လူမိုက်ကြီးကိုဖိုးထောင်မှာ သူအကြောက်ရဆုံး
သူများဖြစ်သည့် မိန်းမဖြစ်သူနှင့်နှမဖြစ်သူတို့ရဲ့
စကားဝိုင်းကို အစောကပင်ကြား၏။
သို့ရာတွင် ၀င်မပါရဲသဖြင့် တဲအနောက်ပေါက်မှ တိတ်တိတ်ကလေး၀င်၍ ကွမ်းယာမိမှ အသံဗြဲဖြင့်အော်ခေါ်လာသည့်နှမကြောင့် ပါးစပ်ထဲသွပ်မည့်ကွမ်းယာပင် လွတ်ကျရသည့်အဖြစ်ပေ။

"အနိုင့်ဉယျာဉ်မှူး"Where stories live. Discover now