အခန်း(၁၃)-Zawgyi

Start from the beginning
                                    

-"မရပါဘူး နိုင်ကလေးရယ်။
  လက်ခုတ်မိပါ့မယ်
  တို့ပဲလုပ်မယ်နော်။
   ပေး‌‌..ပေးဓား"
   
လက်ဖြန့်တောင်းသည့်တိုင် မပေးဘဲ ပြူးပြူးလေးကြည့်နေသည့် ကလေးငယ်ထံမှ ဓားကို ဖြတ်ကနဲ
လုလိုက်ရတော့သည်။
ထို့နောက် မခိုင်နံဘေးရှိ စဥ့်နီတုံးသို့ဝင်ထိုင်မိတော့ မျက်စောင်းထိုးလျှက် နေရာဖယ်ပေးလာသည့်
မခိုင်ပင်။
ထိုသည်ကို မြင်သည့်အရီးတို့မှာမူ ပြုံးစိစိဖြင့်သာ။
ပိုရန်ကောလို့ ထင်ချင်ထင်ပါလေ။
ချစ်မိမှတော့ အပြစ်ဖြစ်ချင်ဖြစ်ပါစေတော့။

***********

ဤသို့ဖြင့် နောက်ရက်များတွင် ဟိုကူ/သည်ကူလုပ်ချင်သည့် ကလေးငယ်ကို အိမ်မှာသာ နေခိုင်းဖြစ်တော့သည်။
သူလေး တစ်ခုခုလုပ်တာမြင်လျှင် စိတ်ပူရသည်က
ကိုယ်ပင်ပန်းသည်ထက်ဆိုးသည်‌ မဟုတ်လား။
သို့ရာတွင် အိမ်မှာထားခဲ့မိတော့လည်း လွမ်းနာကျရပြန်သည့် မိမိ။
စိတ်မချသည့်စိတ်ပါကူလာစဉ် အက်တွင်
ဖင်ပူအောင်ပင် မထိုင်နိုင်ပါ။
ခနတဖြုတ်သာ စီစဉ်စရာရှိတာ စီစဉ်ရသည်။

-"ကိုကျော်အေး"

-"ခဗျာ!"

-"ဒီငါးပုံးတွေကို ဦးကျော်ဆန်းဆီလှည်းနဲ့
သွားပို့လိုက်တော့"

-"ဟုတ်ကဲ့"

-"အရီးတို့ မခိုင်တို့လည်း လိုအပ်တာရှိရင်
  ကိုကျော်အေးကို စာရင်းရေးပေးလိုက်ပါ။
  ရွှေဘိုကျ ကိုကျော်ဆန်းကြည့်ဝယ်ခဲ့လိမ့်မယ်"

-"အေးအေး"

-"ဒါနဲ့ မနု။
အိမ်‌ရောက်ရင် ဒီရက်ပိုင်း အက်ထဲလာကြည့်ဖို့
အစ်ကို့ကိုပြောလိုက်ပါဦး။
ကျွန်မ မလာနိုင်လို့"

-"အေးပါ"

-"ဟုတ်ပြီ ဟုတ်ပြီ။
  အဲ့ဆို ကျွန်မပြန်မယ်နော်"

-"ဟင်!"

     မှာစရာရှိသည်များ မှာပြီးသည်နှင့် ချာကနဲလှည့်ထွက်လိုက်သည့် ဝါ့ကြောင့် ပါးစပ်အဟောင်းသားဖြင့် ငေးကျန်ခဲ့သည့် မနုတို့တသိုက်ပင်။

-"ဟဲ့ အနု"

-"ရှင်"

-"အဝါက ဘာကိစ္စ ဒီရက်ပိုင်း အက်ထဲမလာမှာလဲ
  သွားစရာရှိလို့လား"

"အနိုင့်ဉယျာဉ်မှူး"Where stories live. Discover now