အခန်း(၁၀)-(က)/Uni

Comincia dall'inizio
                                    

-"ညီမလေး နင်တကယ်သေချာလား"

-"အင်း"

-"ထွီ! တောက်! ဟာကွာ ငါ့ညီမရာ"
       
     ကိုဖိုးထောင်သည် ကွမ်းတံတွေးအား မာန်ပါပါထွေးရင်း တောက်ပါခေါက်လာသည်။ထို့အပြင် ညီမဖြစ်သူကို စိတ်ပျက်လက်ပျက်ကြည့်နေပြီမို့
ကျွနုပ် ခေါင်းမွှေးပင်ထောင်မိပါသည်။

ကြောက်ပါသည်ဆိုမှ ဖြဲခြောက်နေလားမသိ။
တွဲထားသည့် လက်ကလေးသာမရှိလျှင် အမြှီးတန်းအောင်အထိ ပြေးထွက်မိမှာ သေချာသည်။

    ကျွန်ုပ်ထိုသို့ လန့်သော်ငြား သူမသည် ခပ်တည်တည်ဖြင့်သာ အကိုဖြစ်သူကို ကြည့်မြဲကြည့်စဲ။
အကိုဖြစ်သူကလည်း မျက်ခုံးထူထူကြီးကိုပင်
တွန့်ချိုး၍ သူမကိုစိုက်ကြည့်နေသည်။
ပါးစပ်တစ်၀ိုက်ရဲနေအောင် ငုံဝါးနေသည့်
ကွမ်းကြောင့်ပေလားမသိ။
ပါးရိုးကြီးပင်ထောင်နေ၏။

  ကိုဖိုးထောင်သည် ကျောအထိရှည်သည့်ဆံနွယ်ကို ဖားလျားချမထားလျှင်/
လက်တစ်ဆစ်အထိရှည်နေသော နှုတ်ခမ်းမွှေးများကိုသာ ရိပ်သိမ်းပစ်ခဲ့လျှင် ဝါနည်းတူ ချောမည်ထင်သည်။
ရွာသူဌေးပီပီ လူကြီးလူကောင်းဆန်စွာ မသောက်မစားဘဲ  သန့်သန့်ကလေးသာနေပါက ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်ပင်ဖြစ်လိမ့်ဦးမည်။
ယခုတော့ ထိုသို့မဟုတ်၍ များစွာခက်သည်။

သို့ရာတွင် ကိုဖိုးထောင်သည် စိတ်ရင်းကောင်းသည်ဟု ဖေဖေ့ထံမှ ကြားဖူးထားသည်ကြောင့် ကျွနုပ်အရဲစွန့်ကာဖြင့်။

-"ဟိုလေ..ဟို ကိုဖိုးထောင်..."

-"တိတ်စမ်း!"

-"ဟုတ်"

-"နင် ငါ့မိန်းမကိုအော်စရာမလိုဘူး!"

     စကားအစမှာပင် ဟောက်လိုက်သည့် ကို‌ဖိုးထောင်ကြောင့် ဝါမှဆတ်ကနဲထကာ လက်ညှိုးဂေါက်ဂေါက်ထိုးလေသည်။
သေမတတ်လန့်ရသည့် အခိုက်အတန့်‌ေပတည်း။
သို့ရာတွင် လန့်နေသည့်ကြားမှ 'ငါ့မိန်းမ'ဟူသည့် အခေါ်အဝေါ်ကြောင့် ကြည်နူးမိရသေး။

-"နင်..နင်ငါ့ကိုဘယ်တုန်းက ပြန်ပြောဖူးလို့လဲအဝါ။ ဟမ်!"

-"အေး! အရင်ကမပြောပေမယ့် အခုငါပြောမယ်။
နင့်လို ငမူးအကိုကို ငါ ၁၁နှစ်တိတိ လုပ်ကျွေးပြီးသွားပြီလေ။
နင်ဘာ‌ေ-ာက်သုံးကျလဲ။
နင်ဘယ်နားအသုံး၀င်လို့လဲ။
အမြဲမူးရူးသောက်စားနေတာ။
တွေ့ကရရန်ဖြစ်သေး။
အခုပဲကြည့်လေ။
နင်မယားယူဖို့အရေး ငါ့ပိုက်ဆံနဲ့တောင်းပေးရတာ
မလား။ဟမ်!
နင့်ပြောစကားနားထောင်ရအောင် နင့်ပိုက်ဆံဘယ်နှစ်ပြားများ ငါသုံးခဲ့ဖူးလို့လဲ။
အခုသောက်နေတဲ့ထန်းရည်ဖိုးကအစ
ငါထုတ်ပေးနေလို့လေ။
ဒါတောင်ငါ့ကိုရန်လုပ်ချင်သေးတယ်။
ငေါက်ချင်သေးတယ်ပေါ့ ဟုတ်လား။
နင့်အဆင့်နင်သိ။ ငါအများကြီး‌မပြောချင်ဘူး။
အခုလည်း ငါ့မိန်းမကို နင်ငေါက်လို့ပြောတာ။
နင်မှ မဟုတ်ဘူး။
ငါ့မိန်းမကို ဘယ်သူမှ မော်ကိုမကြည့်မိစေနဲ့။ မော်ကြည့်ရဲကြည့်ကြည့်။
အဲ့မျက်လုံးတွေ ငါဖောက်ထုတ်ပစ်မှာ။
အဲ့လူကနင်ဆိုရင်တောင် နင့်မျက်လုံးကို ငါဖောက်ထုတ်ပစ်ရမှာပဲ။"

"အနိုင့်ဉယျာဉ်မှူး"Dove le storie prendono vita. Scoprilo ora