-"အာ့..အာ့က အချစ်ကြောင့်ပါ ဝါ။
ဝါ့ကို ချစ်လွန်းလို့ ရင်ခုန်နေမိတာပါ။"

-"အို!"

    ကျွနုပ်အပြောမှာ အရှက်သည်းစွာ ရင်ခွင်၌
ငြိမ်သက်ကာနေသည်။

ဖယောင်းတိုင်အလင်းဖြင့် မလင်းတလင်းတဲအိမ်လေးထဲမှ အသည်းပန်းကလေးကို အနီးကပ် စိုက်ကြည့်နေမိသည်။ အပေါ်စီးမှ မြင်ရသည့် အလှတရားတို့သည် တစ်စိုးတစ်စိပင် မှေးမှိန်သွားခြင်းမရှိ။
ဖယောင်းတိုင်အလင်းထက် ပိုမိုထင်းနေခဲ့သည်။
ပပ၀တီကဲ့သို့ မီးမထွန်းဘဲလင်းနေမည်လားဟု
မီးမှိတ်ကြည့်ရမလိုပင်။
သို့သော်မလုပ်ချင်ပါ။
ရာဇ၀င်ထဲက ပပ၀တီထက် မလင်း‌စေကာမူ
ကျွနုပ်ကမ္ဘာတွင် နေထက် တောက်ပနေခဲ့‌လေပြီ။

-"ဝါ"

-"ရှင်"

-"ဝါရယ်"

-"အို"

       အသည်းယားဖွယ် အသံပိစိ‌ကြောင့်
ပိုမိုဖြစ်ညှစ်ပစ်မိတော့ ဝါက ပိုမိုအရှက်သည်းစွာဖြင့် မျက်နှာကိုဝှက်ကာထား၏။

-"ချစ်တယ်ဝါရယ်။
ဒီလူ ကျုပ်ဖြင့်  ဝါ့ကိုချစ်လိုက်ရတာ‌ဆိုတာ"

-"အို"

-"ဝါရောဟင်။
ဝါရော ကျုပ်ကို ချစ်‌ရောချစ်ရဲ့လား။"

-"အို..မေးဖို့လိုလား အနိုင်ရယ်။
တို့..တို့ဘက်က အရင်ချစ်ခွင့်ပန်ဖူးခဲ့သားပဲ။
ဒီလိုမေးဖို့လိုသေးရဲ့လို့လားလို့။ ဟင်"

-"ကျုပ် မယုံနိုင်သေးလို့ပါဗျာ။
ဝါ ကျုပ်ကိုချစ်တယ်ဆိုတာ အိမ်မက်ကြီးလို.."

ကျွနုပ်စကားတို့ဆက်မရတော့ပါ။
အဝါရောင်ပန်းတစ်ပွင့်ရဲ့ ပွင့်ချပ်တို့သည် နှုတ်ခမ်းဖျားထက်သို့ ကြွေကျလာ၏။
မျက်လုံးတို့ မှိတ်ကျသည်အထိ မက်မက်‌မေမောဖြင့် ပန်းအရသာကို စားသုံးမိစဉ်ခန။
ကိုယ်သည် လေတွင် ၀ဲပျံနေသယောင်ရှိ၏။
အာရုံတွင်လည်း ဗလာနတ္ထိ ရူးသွပ်ရပြန်ပြီ။
နူးညံ့သည့်အထိအတွေ့ကို တရှိုက်မတ်မတ်ခံယူရင်း ပြန်လည်တုံ့ပြန်‌နေရင်းက ပိုသောဆန္ဒတို့က ပူလောင် ပြင်းပြလာစဉ်။
သူမရဲ့အပေါ်သို့ အုပ်မိုးလိုက်သည်။

"အနိုင့်ဉယျာဉ်မှူး"जहाँ कहानियाँ रहती हैं। अभी खोजें