-"ခြေထောက်ကသက်သာလားဟင် နိုင်ကလေး"
-"ဟုတ်။ ကျုပ် ကောင်းကောင်းေထာက်နိုင်
နေပါပြီ"-"တော်သေးတာပေါ့ အနိုင်ရယ်။
အရိုးတွေ ဘာတွေ မအက်သွားလို့ေပါ့။
မဟုတ်ရင် တို့တော့ ရင်ကျိုးရမှာပဲ။"-"ဘာမှဖြစ်ပါဘူး ဝါရဲ့။
ကျုပ် ဒီလောက်လေးနဲ့ အရိုးမအက်နိုင်ပါဘူး။
ငယ်ငယ်ကဆို ဟော့ဒီ မန်းကျည်းပင်ထိပ်ကတောင် ခုန်ချခဲ့ရသေးတာပဲ"-"အဟိ။ "
-"ဘာရယ်တာလဲ"
-"ဘာ..ဘာမှမဟုတ်ပါဘူး ။ အဟမ်း.
အဲ့တုန်းက ကိစ္စပြန်ေတွးရင် အခုပြော
အခုရယ်ချင်မိလို့ပါ။"-"..."
-"အနိုင်ကလေ။ အဟွန်း
အနိုင်က တကယ့်မျောက်ကလေးလို
တွဲလောင်းလေးဖြစ်နေခဲ့တာေလ။ ခိခိ"
စိတ်ပူကာ မျက်ရည်တွေဝဲနေသည့် ဝါ့ကြောင့် ငယ်ကျိုးငယ်နာ ဖော်မိေတာ့ တခိခိဖြင့် မျက်လုံးကလေးများမှိတ်ကျသည်အထိ ရယ်ပါေတာ့သည်။
အခုတင် မျက်ရည်ဝဲသည်မှာ သူ မဟုတ်ခဲ့သလို။ကျွနုပ် မျက်စောင်းတစ်ချက်ပစ်လိုက်မိတော့
ဝါက ပို၍ပင် ရယ်လေ၏။ဒါလည်း သူမ မလွန်ပါ။
ကျွနုပ်အဖြစ်ကလည်း တကယ့် ရယ်ချင်စရာဖြစ်ခဲ့၏။မှတ်မှတ်ရရအားဖြင့် ၁၁နှစ်လောက်ဖြစ်မည်။ တန်ခူးကူးခါစဖြစ်သည်ကြောင့် မန်ကျည်းရွက်နု
တက်ခူးရာက စခဲ့သည်။ သိပ်မမြင့်လှသည့် မန်ကျည်းပင်သည် ငယ်နိုင်လိုဖြစ်နေသဖြင့် အကြောက်အလန့်မရှိ တက်ခူးခဲ့ခြင်းပင်။
သို့သော် ကံဆိုးသည်က အပင်ထိပ်ဖျားအရောက်
ကိုင်းခြောက်ကိုမှ တက်နင်းမိခဲ့ခြင်းဖြစ်၏။
တစ်ဖက်မှကြည့်လျှင် ကံကောင်းခဲ့သည်။
ကိုင်းခြောက်ကျိုးကျသည့်အချိန်တွင် လက်မှ
အခြားကိုင်းတစ်ခုကို ကိုင်ထားခဲ့၍ဖြစ်သည်။
သို့သော် ထိုသို့လေထဲတွင် တွဲလောင်းကြီးဖြစ်နေသည့် အချိန်ကိုက်မှ ဝါ ရောက်လာသည်ကကံကောင်းခြင်းလား ကံဆိုးခြင်းေပလား
ကျွနုပ်မသိတော့ပါချေ။
အခုအချိန်တွင် ရှက်စရာအဖြစ်သာ မြင်မိေတာ့၏။
အခန်း(၈)-Uni
Comenzar desde el principio