အခန်း(၇)-Uni

Start from the beginning
                                    

ထို့ကြောင့် တဲအိမ်ကလေးထဲသို့ ၀င်ကာမွှေနှောက်မိသည်။ ဖေဖေထားခဲ့သည့် ငွေလေးများ ရှိနေမလားဟု ရှာဖွေခြင်းဖြစ်သည်။
သို့သော် မရှိ။

-"ဟူး"

အရှေ့ရှိစားပွဲပေါ်မှ တစ်ထောင်တန်အုပ်များကို ကြည့်ကာ စိတ်ပျက်လက်ပျက် ထိုင်‌ေနမိသည်။
ဤ‌ေငွများသည် ရွာမှ ဖေဖေ့အသုဘအတွက်
၀ိုင်းထားသည် အကူငွေများ ဖြစ်၏။
ရွာသည် တစ်ခုတော့ ကောင်းသည်။
သာရေးထက် နာရေးကိုပိုဝိုင်းတတ်၍ ဖြစ်သည်။
အသုဘတစ်ခုလျှင် ဆန်ဆီအလွတ် ငွေဆယ်သိန်းမက ရတတ်ကြ၏။
ယခုလည်း ကျွနုပ်ထံတွင် ငွေဆယ့်ငါးသိန်း
‌ေကျာ်ရှိသည်။ ထို့ပြင် ဆန် ၃တင်း ဆီ ၂ပုံးလည်းရှိ‌ေသးသည်။
ရင်းနှီးစားသောက်ရန်တော့ လုံလောက်ပါရဲ့။
သို့သော် ကျွနုပ် သည်ငွေများကို မသုံးချင်သလို
သည်ဆန်ဆီတွေလည်း မဝါးမြိုချင်ပါ။
ဖေဖေ့ အသက်ပေါ်မှ ရထားသည်ကြောင့် ကျွနုပ်
ဘယ်လိုမှ မြိုမကျနိုင်ပေ။
ထို့ကြောင့် ဖေဖေထားခဲ့သည့် ငွေသာရှိလျှင် ကောင်းမည်။ မရှိတော့ ခက်၏။
ဘာဆက်လုပ်ရမည်မှန်းပင် မသိ‌ေတာ့ပါ။
ကျောင်းကိုလည်း ဆက်တက်နိုင်မည်မထင်ပါ။
သို့‌ေသာ် ပညာရေးဆုံးအောင်တော့ အဝေးတက်ဖို့ မှန်းထားသည်။ ကြားထဲတွင်‌ေတာ့ ကျွနုပ်အလုပ်လုပ်ရဦးမည်။ သို့တိုင် ဘာလုပ်ရမည်လဲ မသိ။

-"ဟူး"

**သူ့ဆီ အလုပ်‌ ‌ေတာင်းကြည့်ရမလားပဲ။
ဒါမယ့် မျက်နှာပူစရာ။
အခွင့်အရေးယူသလိုဖြစ်နေမယ်ထင်တယ်။
ဒါဆို အခြားဘယ်မှာ အကူအညီတောင်းကြည့်ရပါ့။**
ဝါ့ထံသို့ အကူအညီတောင်းချင်သော်ငြား
ဖေဖေ့နာရေးကို အကုန်ဦးစီးကာ လုပ်ပေးသွားသည့်အပြင် အကူငွေ၅သိန်းတိတိပါ ဝိုင်းထားသေးသည်။ ထို့ထက်သာ အကူအညီတောင်းရလျှင် ကျွနုပ်ကို အခွင့်ရေးသမားဟုပင် ထင်မှာစိုးပါရဲ့။
သို့သော် သူမမှလွဲ၍ အကူအညီတောင်းစရာ
လူမရှိသည့် ကိုယ့်အဖြစ်ကို တွေးတောမိတော့။

-"ဟူး"

-"ဖေဖေရယ်။
ဖေဖေ့သမီးအဖြစ်ကို မြင်လှည့်စမ်းပါ"

**********

-"နိုင်ကလေး။
တို့လေ ဒီနေ့ အနိုင့်အတွက် ငါးသလောက်ယောက်ဖလေး ချက်လာတယ်သိလား"

"အနိုင့်ဉယျာဉ်မှူး"Where stories live. Discover now