-"မဟုတ်ပါဘူးကွယ်။"
-"အော်..ဟိုလေ..ဟို"
-"ပြောလေ သမီး"
ထိုမိန်းမဆီမှ ထူးဆန်းသည့် အခေါ်အဝေါ်အကြား မျက်လုံးများပင် ပြူးကျယ်မိပါရဲ့။
သူနှင့်ကျွနုပ်မှာ မည်သို့ကြည့်ကြည့် အလွန်ဆုံးကွာမှ ၅နှစ်ခန့်မျှသာဖြစ်သည်။*ဒီမိန်းမ ရူးများနေသလား*
-"မေမေ မရူးပါဘူး သမီးရယ်။
ကိုယ့်အမေကို မမှတ်မိပါဘဲ အဲ့လိုသာ လျှောက်တွေးနေရင် သမီးအပြစ်ဖြစ်လိမ့်မယ်"-"ဟင်!မေ...မေ.. မေမေ!"
-"ဟုတ်ပါတယ်ကွယ်။ သည်မိန်းမက မင်းမေမေမှ မင်းမေမေ စစ်စစ်ပါကွယ်။ မဖြူနွယ်ပါကွဲ့"
-"ဘယ်လို!"
**မေမေက သေပြီးပြီ မဟုတ်ဘူးလား။
ဒါဆို ငါသေသွားတာ သေချာနေပြီပေါ့။
ဖေဖေကရော။
ဖေဖေရော အသက်ရှင်နေတာလား။
ဖေဖေနဲ့ မေမေ အတူမတွေ့ရတော့။
ဒါနဲ့ နေဦး။
ငါသေလို့မရသေးဘူးလေ။
ဝါ။
ငါ့ပန်းကလေး။
အဲ့ပန်းလေးကို ထပ်ငေးကြည့်ရဦးမယ်။
အဲ့ထက်ပိုပြီး အခွင့်ရေးရရင် နမ်းရှိုက်ခွင့်ရချင်သေးတယ်။
မဟုတ်ဘူး။ ငါမသေရဘူး။ငါသေလို့မဖြစ်ဘူး။**မေမေဟုဆိုသည့်တိုင် ၀မ်းမသာနိုင်ခဲ့ပါ။
အတွေးတို့သည် တောင်ပြေးမြောက်ပြေး ပြေးလေပြီ။ ထို့အတူ ကမ္ဘာကြီးပင် ပျက်သလိုခံစားရသည်။
ထိုသည်ကို သိသည့်အလား မေမေသည် ပုခုံးထက်သို့ လက်နှစ်ဖက်ဖြင့် ကိုင်တွယ်ရင်းက။-"ကဲပါ သမီးရယ်။
အဲ့လောက်အထိ အတွေးမများစမ်းနဲ့။
ဒီမယ် မေမေပြောမယ် နားထောင်"-"ဟုတ်"
-"သမီး မသေသေးပါဘူး။
မေမေ ပြောစရာရှိလို့ပဲ ခနခေါ်လိုက်တာ။"-"ဟုတ်"
-"သမီးလေး"
-"ရှင်"
-"သမီး ဖေဖေမရှိဘဲလည်း သမီး သတ္တိရှိရှိနဲ့
အသက်ရှင်ရပ်တည်ရမယ်နော်"-"ဟုတ်..။ဟင်!"
-"အင်း..သမီး ဖေဖေက သမီးဘေးမရှိနိုင်တော့ဘူး သမီး"
-"မဟုတ်တာ။
ဘာလို့မရှိရမှာလဲ။
မေမေ အဲ့လိုမနောက်ပါနဲ့။ သမီး..သမီး"
YOU ARE READING
"အနိုင့်ဉယျာဉ်မှူး"
General Fiction#Credit photo အောင်ရဲမြတ် ခေတ္တယာယီယူသုံးထားသည့်
အခန်း(၆)-Zawgyi
Start from the beginning