အခန်း(၄)-Uni

Beginne am Anfang
                                    

_"အချစ်ဟာ ပူလောင်‌ေစတဲ့အရာတစ်ခုဆိုတာ
တို့တော့သိခဲ့ပြီ။"

-"......"
       
    ထိုစကားသံသည် ကျွနုပ်နားထဲ၌ မိုးကြိုး
တစ်ရာထက်ပင် ကျယ်လောင်ခဲ့ပါသည်။
ကျွနုပ် တစိုက်မတ်မတ်ငေးကြည့်ခဲ့ရသည့် ပန်းကလေးသည် ကျွနုပ်ပင်မသိလိုက်ပါဘဲ အချစ်ဟူ‌ေသာ နေရောင်ကို ‌ေတွ့ရှိခဲ့နှင့်ပြီးဖြစ်သည်။
ထို့ပြင်  ထိုနေရောင်‌ေကြာင့်ပင်  ပူလောင်နေခဲ့လေပြီ။

စိတ်အစဉ်တို့သည်  ထပ်မံရှုပ်ထွေးရလေပြီ။
 
-"သိလားအနိုင်။အချစ်ကြောင့် တို့ပူလောင်နေရပြီ။ အနိုင် အဲ့တာကို သိရဲ့လားလို့"

-"....."

    ထိုစကားအား ဖြာကျနေသည့် ဆံနွယ်များကိုလက်ဖြင့် စိတ်မရှည်ဟန် သပ်တင်ပစ်လိုက်ရင်းက ဆိုသည်။  ပုလဲဉတို့ပြိုဆင်းတော့မည့် မျက်၀န်းညိုညိုတို့ဖြင့်လည်း ကျွနုပ်ကို စိုက်ကြည့်‌လာ‌ေသးသည်။
      ကျွနုပ် မည့်သည့်စကားမှပင် မဆိုနိုင်ပါ။
အချစ်ဒဏ်ကြောင့် နွမ်းနေသည့် ပန်းကလေးကိုသာ
နှမျောတသစွာ ငေးမြဲငေးရသည်။
ခံနိုင်ရည်မရှိပါ။
တစ်ပွင့်တည်းရှိသည့် အသည်းပန်း‌ေလးကို
ထိုသို့ မြင်ရခြင်းက ကျွနုပ်သေသွားသည်ထက်ပင် ဆိုးလှသည်။
ရူးသွားနိုင်သည်။
ရူးရပါတော့မည်။

   ထို့ကြောင့် ကျွနုပ် ပန်းကလေးအား ရင်တွင်ထွေးပွေ့ထားလိုက်မိ‌ေတာ့သည်။
  သည်ပန်းကလေး သည့်ထက် မနွမ်းအောင်
ကျွနုပ် တတ်နိုင်သမျှ ကာကွယ်ချင်သေးသည်။

-"အဟင့်.."

      ပန်းကလေးရဲ့ မျက်ရည်တစ်စက်သည် ပန်းချစ်သူနှလံုးသားထက်သို့ ကြွေစင်းကျလေပြီ။
ရင်ခွင်ဆီမှ  ခပ်ဖွဲဖွဲကျလာသည့် ပန်းရဲ့ရိုက်သံများကိုပင် ကျွနုပ်ကျေနပ်စွာ ခံယူပစ်လိုက်သည်။
  လောကရှိ အရာရာတိုင်းထက် သည်ပန်းကလေး
မနွမ်းဖို့က ပို၍ သာ၍ အရေးကြီးပါသည်။

-"ဟင့်..ပူလောင်တယ် အနိုင်ရယ်။
.အရမ်း..အရမ်း ပူလောင်ပြီး..နာကျင်နေ‌ရတယ်။
သိရဲ့လား.။ အဲ့တာကိုသိရဲ့လားလို့!..ဟင့်"

    ပန်းရဲ့ငိုရှိုက်သံကို ပန်းချစ်သူခံနိုင်ရည်မရှိပါ။
ပန်းကလေးကိုသာ  ပိုမိုတင်းကျပ်စွာ ထွေးပွေ့ထားလိုက်သည်။

"အနိုင့်ဉယျာဉ်မှူး"Wo Geschichten leben. Entdecke jetzt