အခန်း(၃)-Uni

Start from the beginning
                                    

-"နော်။ ငိုတော့မငိုလိုက်ပါနဲ့ဗျာ။
ကျုပ်..ကျုပ်တောင်းပန်ပါတယ်"

     သူမ မျက်နှာအနီးထိ အခစား၀င်ရင်း ထိုသို့ဆိုရသည်။ ထိုအခါမှ ပန်းကလေးသည် ကြည်ကြည်လင်လင်ပြန်ဖြစ်ဟန်ဖြင့်-

-"တို့ မင်းဖေဖေနဲ့ လမ်းမှာတွေ့တယ်ကွယ်။
  အနိုင်ရောက်နေတယ်လို့ သူပြောတော့ တို့ရင်ထဲမှာ အပျော်တွေဝေသွားတာပဲ။ ဒါမယ့် တဆက်တည်းလည်း တို့ကို လာမတွေ့ရကောင်းလားလို့ ၀မ်းနည်း
သွားမိတယ်"

-"ဟုတ်ကဲ့။ အဲ့လို ခံစားသွားစေလို့ ကျုပ်တောင်းပန်ပါတယ်နော်။ တကယ် တကယ် ညနေကျရင် လာတွေ့မလို့ပါ"

-"တို့ ယုံပါတယ်ကွယ်။ မင်းပြောသမျှ စကားဟာ မုသားတွေဖြစ်နေရင်တောင် တို့မင်းအပေါ်  အကြွင်းမဲ့ ယုံပါတယ်။"
      
-"ဟို..မုသားတော့မဟုတ်ပါဘူးဗျ။
တကယ်ပါ ..တကယ်ပြောတာ။"

-"တို့ယုံတယ်ဆိုကွယ်"

-"ဟုတ်"

     ကျွနုပ် အပြစ်ရှိသူမို့ ခေါင်းကိုငုံ့ထားလိုက်သည်။
ထိုစဉ် သူမသည် စားပွဲပေါ်ရှိ ကျွနုပ်စာအုပ်ကို ကောက်ကိုင်လိုက်သည်။ပြီး ဟိုကြည့် သည်ကြည့်လျှောက်ကြည့်နေသေးသည်။

-"စာမေးပွဲဖြေနိုင်ခဲ့လား အနိုင်"

-"ဟုတ်"

-"စာတွေခက်သလားဟင်။"

-"ဟို ခက်‌တယ်လို့‌ပဲပြောရမလား ။
အဂ်လိပ်စာဆိုတော့ နည်းနည်းတော့"

-"အင်းပေါ့။ ကိုယ့်ဘာသာစကားမှ မဟုတ်ဘဲကွယ်။
ခက်တော့ခက်မှာပေါ့နော်"

-"ဟုတ်"

-"အနိုင် speaking လေ့လာနေတာလား"

-"ဟုတ်"

-"အဂ်လိပ်စာယူထားတာပဲကွယ်။ ဒီထဲကစာလောက်ကတော့ နောက်ကျရင် ထမင်းစားရေသောက်သလိုဖြစ်သွားမှာပါ"

-"ဟုတ်။ "

-"ငယ်တုန်းရွယ်တုန်း စာလေ့လာတာကောင်းပါတယ်။ ဒါနဲ့ အနိုင် ဘွဲ့ရပြီးရင် ဘာလုပ်မယ်မှန်းထားသလဲ"

-"ဟို..ဟို အာ့က မသိသေးဘူး"

-"ရည်းမှန်းချက်လေး တစ်ခုထားလေ အနိုင်ရယ်။
  လူဆိုတာ ရည်မှန်းချက်ရှိမှ အောင်မြင်မှာ အနိုင်ရဲ့"

"အနိုင့်ဉယျာဉ်မှူး"Where stories live. Discover now