နေပြန်ကောင်းပြီးတဲ့နေ့ကနေ စပြီး ယူဂျင်းသည် သူ့စုဗူးလေးကို ခဏခဏထုတ်ကြည့်တတ်တယ်။ စုဗူးအစား ဘဏ်ကဒ်လုပ်ရင်ကောင်းမလားလို့တွေးမိပေမဲ့ အသက်မပြည့်သေးတဲ့ အတွက် လုပ်လို့မရလောက်ဘူးလို့လဲတွေးမိသည်။
ပိုက်ဆံခိုးစုရတဲ့ အဖြစ်က လွယ်တော့မလွယ်။
ဒါကြောင့်မို့ ထိုစုဗူးကို အလုံခြုံဆုံးဖြစ်တဲ့ ကြောင်အိမ်ရဲ့ ပန်းကန်းတွေထားထားတဲ့ နောက်ဘက်မှာ ထားထားသည်။
ရူးကြောင်ကြောင်နိုင်ပေမဲ့ အလုံခြုံဆုံးက အဲ့သည်နေရာပဲလို့ ယူဂျင်းထင်မိတယ်။
အကယ်၍များ ဖေဖေ အိမ်ထဲကို တံခါးရိုက်ချိုးလို့ ဝင်လာပြီး အကုန်ရိုက်ခွဲလို့တွေ့တဲ့ ပိုက်ဆံယူသွားရင်တောင် ယူဂျင်း ပိုက်ဆံက ပါသွားမှာမဟုတ်တာ။
စုမိထားတဲ့ ပိုက်ဆံတွေကို ရေတွက်လိုက်တာ မနည်းတော့ပါ။ ဒါပေမဲ့ ဂယူဘင်းအတွက် ဝယ်ပေးမယ့်လက်ဆောင်ကို တန်ဖိုးကြီးကြီး ဖြစ်စေချင်တဲ့အတွက် ထပ်စုရဦးမည်ဟုတွေးမိတယ်။
ဒီနေ့ ယူဂျင်းအစောကြီးအိပ်ရာ ဝင်ဖြစ်သည်။
ကိုကိုရဲ့ ဂီတာသံတစ်တောင်တောင်ကြောင့် အိပ်မရဘူးဆိုပေမဲ့ ကိုကို့ရဲ့ သီချင်းဆိုသံတွေအောက်မှာ မှေးစင်းလာတဲ့ မျက်လုံးကြောင့် အိပ်ပျော်သွားရတာ တစ်ချိုးတည်း။
မနက်ကျောင်းလာတာတောင်မှ အိပ်ချင်စိတ်ကတစ်ဖွားဖွား။
သို့ပေမဲ့ ရုတ်တရက်ကြီး ဘယ်ကနေ ဘယ်လိုရောက်ချလာမှန်းမသိတဲ့ ဟွမ်ဝန်းက အအေးခဲဒိန်ချဉ်ဗူးဖြင့် ပါးကို လာကပ်တာမို့ မျက်ဝန်းတွေ ပြူးကျယ်သွားရသည်။
"ဟာ..ဟွမ်ဝန်း"
"ဟဲဟဲ..."
ယူဂျင်းကို စနောက်လိုက်ရတာမို့လို့ ဟွမ်ဝန်းက တစ်ဟဲဟဲ။
ဟွမ်ဝန်းနဲ့ကလဲ အတန်းဖော်တွေဆိုပေမဲ့ အပြင်လျှောက်လည်တာမျိုးလဲ မလုပ်ဖြစ်တာကြောင့် တစ်အား ရင်းနှီးတာ မျိုးလဲ မဟုတ်ပေ။