"အဟင်း ဘာလို့ရှက်နေတာလဲ မတွေ့ဖူးတာလဲမဟုတ်ဘူး"

သူမှဘာမှပင်မပြောနိုင်လောက်အောင် နိုဝယ်အားအံသြနေမိခဲ့တာ။ အသားရေကအရမ်းဖြူတဲ့ဘက်ကိုမရောက်ပေမဲ့ ဝင်းသည့်အသားရေကြောင့် လည်ပင်းနားက အနီကွက်များက အထင်းသားမြင်နေရသည်။ ကုတင်ပေါ်ကနေ ဒီတိုင်းကြီးထသွားတဲ့ နိုဝယ်က သူ့ကိုဒီနေရာမှာရှိနေသေးသည်ဟုကောမြင်ပါသေးရဲ့လား။ ဒါပေမဲ့ သူအရမ်းသိချင်နေသည့်တက်တူးကိုတော့သူသိချင်နေပါသေးသည်။

"ဘာမေးချင်လို့လဲ မေးလေ နိုဝယ်ဖြေလို့ရတာဆိုဖြေပါ့မယ်"

"တို့မေးချင်တာရှိနေမှန်းဘယ်လိုသိတာလဲ"

သူတို့နှစ်ယောက် မနက်စာစားနေရင်း နိုဝယ်ကသူ့အားအကဲခတ်နေသလိုကြည့်ပြီးနောက်ထိုသို့မေးလာခဲ့သည်။ မနက်စာဆိုသည်မှာလဲ ပေါင်မုန့်ထောပတ်သုပ်ကို ကြက်ဥနှင့်ကြော်ထားသည်သာ။ သူလုပ်တက်သောတစ်ခုတည်းသောမနက်စာ။ သောက်စရာအနေဖြင့်ကတော့နွားနို့တခွက်စီ။

"တစ်မနက်လုံး နိုဝယ့်မျက်နှာပဲလိုက်ကြည့်နေတာလေ ဏရီ့မျက်ဝန်းတွေထဲသိချင်တာတွေတအားများနေတဲ့အကြည့်တွေနဲ့ဆိုတာတော့သိတယ်"

"တို့သိချင်တာက မင်း မင်းခါးနားကတက်တူးကိုသိချင်တာပါ"

"အော် ဘာများလဲလို့ဏရီရယ် တက်တူးထိုးတာကအဆန်းမှမဟုတ်ပဲ ဘာလို့သိချင်ရတာလဲ"

"မနာဘူးလားဟင် အဲ့နားဆိုတော်တော်လေးနာမယ်ထင်တယ် တို့တမင်ရည်ရွယ်ပြီးကြည့်မိတာမဟုတ်ပါဘူး တို့စိတ်ဝင်စားသွားလို့ပါ နိုဝယ်ကိုယ်ခန္ဓာပေါ်မှာတက်တူးရှိနေခဲ့တာ တို့ကအဲ့လိုမထင်ထားခဲ့ဘူးလေ နိုဝယ်အဲ့လိုတွေကြိုက်တယ်ဆိုတာ အဲ့တာပြောမှ နိုဝယ်ဘာတွေကြိုက်တက်တယ်ဆိုတာတောင် တို့မသိခဲ့ဘူးပဲ"

"ဏရီကဘာလို့နိုဝယ့်အကြောင်းတွေသိချင်ရတာလဲ နောက်ပြီးအဲ့တက်တူးကဘာရယ်မဟုတ်ဘူးထိုးဖြစ်သွားတာ ငယ်တုန်းကသိတဲ့အတိုင်းလေစူးစမ်းချင်စိတ်ကြောင့်ပဲ ဒီတိုင်း စကားစုလေးတစ်ခုပါပဲဂရိလိုရေးထားတာလေ အဓိပ္ပါယ်က Wait for the wisest of all counselors, time တဲ့"

ဒဏ္ဏာရီ - θρύλος (completed-9)Where stories live. Discover now