Part-19[Uni]

689 60 13
                                    

တော်ဝင်ပန်းမာန်၏အလိုကျ သူကြိုက်သော cakeဆိုင်သို့ ရစ်ကိုယ်တိုင်ကားမောင်းပြီး လိုက်ပို့ရသည်။ဒီလောက်တော့ လာဘ်ထိုးရမည်မဟုတ်လား။တော်ဝင်ပန်းမာန်က အစားမက်သည့်ကလေးသာသာမို့ သူ့လာဘ်ထိုးမှုကြီးအောင်မြင်မည်ဟု ရစ်တစ်ထစ်ချ ယုံကြည်ထား၏။

"မင်းငါကြိုက်တဲ့cakeဆိုင်ကိုသိလို့လား...ငါမောင်းမယ်ဆိုလည်းမဟုတ်ဘူး"

"ခင်ဗျားကကျုပ်ရဲ့‌ကားကိုမောင်းတတ်လို့လား"

"အဲ့တာဆိုလည်း ငါ့ကားပြန်ပေးလေ"

မလှိမ့်တစ်ပတ်ဖြင့် သူ့ကားအား ပြန်တောင်းနေတာမို့ ရစ်ကားမောင်းနေရင်း ခပ်ဟဟပြုံးမိသည်။တော်ဝင်ပန်းမာန်ဆင်တဲ့အကွက်ထဲဝင်ရအောင်လည်း မွေးကင်းစကလေး မဟုတ်‌နေချေ။

ရစ်ဆီမှ ဘာစကားမှ မဟလာတော့ တော်ဝင်ပန်းမာန်လည်း ဘာမှထပ်ပြောမနေတော့ပါ။ဆူးမာန်ရစ်‌ခွေဆိုတဲ့လူက
ပြောလည်းရမယ့်အစားထဲလည်း ပါဝင်မနေဘူးလေ။ခုလည်း ဘယ်ကနေဘယ်လို စိတ်ကောင်းတွေဝင်နေပြန်ပြီလဲမသိ။သွေးရိုးသားရိုးတော့ မဖြစ်နိုင်ချေ တစ်ခုခုကြံစည်နေတာပဲဖြစ်လိမ့်မည်။

"ဟေ့...ဘာဖြစ်လို့လဲ"

"ဟမ်..."

"ရောက်ပြီလို့ပြောနေတာကြာပြီ...ခင်ဗျား‌ဘာတွေစဉ်းစားနေတာလဲ"

"ဪ...ဘာမှမစဉ်းစားပါဘူး"

သူအကျင့်မကောင်းတဲ့အကြောင်းတွေ စဉ်းစားနေတာဟု ပြောလိုက်ရင် ချက်ချင်းလှည့်ပြန်သွားနိုင်တာမို့ မုသားဆိုကာ ကားပေါ်မှ ဆင်းလိုက်ရသည်။

"ဟင်...ဒီဆိုင်ကငါစားနေကျဆိုင်မှမဟုတ်တာ လူလည်းတစ်ယောက်မှမရှိဘူး"

"ခင်ဗျားလျှာကိုရှည်တယ်"

ရစ်ကပဲ အူကြောင်ကြောင်လုပ်နေတဲ့ တော်ဝင်ပန်းမာန်ကို ဦးဆောင်ပြီး Cakeဆိုင်ထဲဝင်သွားလိုက်သည်။Cakeဆိုင်ထဲရောက်သည့်နှင့် အသင့်စောင့်ကြိုနေကြသော ဝန်ထမ်းနှစ်ယောက်က နှုတ်ခွန်းဆက်၏။ထိုလူများအားကျော်၍ တစ်လုံးထဲသာရှိသော စားပွဲဝိုင်းရှည်သို့ဝင်ထိုင်လိုက်သည်။တော်ဝင်ပန်းမာန်လည်း ကြောင်တောင်တောင်နှင့်သာ ရစ်ဘေးဝင်ထိုင်၏။

"Yit"Is Your HusbandWhere stories live. Discover now