Part-3[Uni]

2.1K 133 56
                                    

"မင်းတို့ဆိုင်ရှင်နဲ့တွေ့ချင်တယ် သူဘယ်မှာလဲ"

"ဟုတ်...သူခဏနေရင်ရောက်ပါ့မယ်နော် ကြိုချိန်းထားတာများရှိလားရှင့်"

"မရှိဘူး"

"အာ...ဟုတ် ခဏလေးစောင့်ပါနော်"

ယခု ရစ်သည် တော်ဝင်ပန်းမာန်၏ စိန်ဆိုင်သို့ရောက်နေခြင်းဖြစ်သည်။ပုံမှန်ဆို တော်ဝင်ပန်းမာန်နှင့်တွေ့ချင်ရင် တစ်ရက်ကြိုချိန်းပါဟု ပြန်ပြောလိမ့်မည်ဖြစ်သော်လည်း ရစ်၏ မာထန်နေသော မျက်နှာထားကြောင့် ဝန်ထမ်းမိန်းကလေးတွေလည်း ဘာမှမပြောရဲ။

"ဘာဖြစ်နေကြတာလဲ"

မိုးပြာရောင်suitအား သေသေသပ်သပ် ဝတ်ဆင်ထားသည့် ကောင်ငယ်လေးတစ်ယောက်သည် သူ့၏အစေခံတစ်ယောက်နှင့်အတူ ဆိုင်အတွင်းဝင်လာသည်။ရစ်လည်း မိုးပြာရောင်suitကို ဝတ်ဆင်ထားမိသည်မို့ မသိလျှင် Couple ဟုတောင် ထင်မြင်မိဦးမည်။

"နောက်ဆုံးတော့ရောက်လာပြီပေါ့ စောင့်ရတာကြာလိုက်တာ"

"ဆူးမာန်ရစ်ခွေ...မင်း ထွက်သွား"

ရစ်ကိုမြင်တော့ မနေ့က ကိစ္စကြီးအား ပြန်တွေးမိပြီး တော်ဝင်ပန်းမာန် မျက်နှာများရဲကာ ဒေါသငယ်ထိပ်ရောက်နေပြီဖြစ်၏။အမြဲတမ်း နူးညံ့၊အေးချမ်းသည့် အသွင်ရှိသော တောင်ဝင်ပန်းမာန်အား ယခုလို ဒေါသထွက်နေပုံဖြင့် မြင်လိုက်ရသည်ကြောင့် ဝန်ထမ်းကောင်မလေးတွေလည်း အဲ့ဩလို့မဆုံး။

"မထွက်သွားရင်...ဘာဖြစ်မှာလဲ...ငါ့အဖေကဦးတော်ဝင်မျိုးဆိုပြီး ပြောဦးမလို့လား...ဟက်"

"လုံးလုံး အဲ့ကောင်ကို ဆိုင်အပြင်ဆွဲထုတ်သွားလိုက်"

လုံးလုံးတစ်ယောက် ပြောင်းလဲသွားသည့်ရစ်၏ပုံစံအား ပါးစပ်အဟောင်းသားဖြင့် ကြည့်မိနေတာ သခင်လေးအသံကြားမှ သတိပြန်ဝင်လာရသည်။ရစ်အား အပြင်သို့ဆွဲထုတ်ရန် လက်လှမ်းလိုက်စဉ် ထိရဲရင်ထိကြည့်လိုက်ဆိုသည့် အဓိပ္ပာယ်များ ပါဝင်နေသည့် ရစ်၏ အကြည့်စူးစူးကြောင့် လုံးလုံးလည်း လက်ကို အမြန်ပြန်ရုတ်လိုက်ရ၏။ငယ်ကြောက်လိုဖြစ်နေတာလည်းပါလိမ့်မည်။

"Yit"Is Your HusbandWhere stories live. Discover now