အဖိုးက သူ့အတိုင်းပင် စိတ်မြန်လက်မြန်နဲ့ လေယာဉ်ချက်ချင်းဖြတ်ကာ သူ့ဆီရောက်ချလာသည် ။အဖိုးနဲ့သူ စကားအချေအတင်များနေတုန်း ဘယ်ချိန်ကရောက်နေလဲမသိ "ကင်ဆော့ဂျင်"က အပေါက်ဝနားမှာ ကြောင်ကြောင်လေးရပ်နေသည် ။သူမြင်သွားပြီး လန့်သွားကာ ဂျင့်ကိုခေါ်လိုက်တော့ ဂျင်က ကုမ္ပဏီကအပြန် သူ့ကိုဝင်ကြည့်တာဟုပြောပြီး နှုတ်ဆက်ကာ ထွက်သွားတော့သည်။

အဖိုးနဲ့သူပြောနေတဲ့ စကားတွေကြားသွားသည်ထင်ပါတယ်......

သူအနောက်ကနေပြေးလိုက်ပြီး ဂျင့်လက်ကလေးကို ဖမ်းဆွဲထားလိုက်သည်။

" ဂျင် ခဏလေးနေပါဦး...."

ဂျင်ကသူ့ဘက်လှည့်လာပြီး မျက်နှာလေးတည်နေကာ.....

"ဘာပြောစရာရှိလို့လဲ..."

"ဂျင် ကြားသွားတယ်မဟုတ်လား ......"

"ကိုယ်ကကြိုပြောပြမထားတော့ အဖိုးက ရုတ်တရက်သိလိုက်ရလို့ ကိုယ့်ကိုစိတ်ဆိုးပြီး ပြောလိုက်တာပါ......"

"......"

"ဂျင်...ကိုယ်......"

"အဟက် ....မင်းက ဘာတွေကိုမျှော်လင့်နေတာလဲ "ဂျွန်ဂျောင်ကု......"

"ဂျင်...."

"ဥက္ကဌကြီးဂျွန် ပြောတာလည်း ဘာမှားလို့လဲ ......
ငါက ကင်မ်အိမ်တော်ရဲ့ သားအရင်းလည်းမဟုတ်သလို ဘယ်မျိုးရိုးကမှန်းလည်းမသိ မိဘအရင်းတွေ ဘယ်သူဆိုတာလည်းမသိတဲ့ အဲ့လိုလူတစ်ယောက်ကို မျိုးရိုးမြင့်ဖြစ်တဲ့ မင်းအဖိုးက အခုလိုပြောတာ ဘာဆန်းလို့လဲ......"

"ဂျင် အဲဒါတွေ ကိုယ် ဂရုမစိုက်ဘူးဆိုရင်ရော......"

ဆော့ဂျင် ဂျောင်ကုကိုမျက်လုံးလှန်ကြည့်လိုက်သည်.......

"ကိုယ် ပြောခဲ့ဖူးပါတယ်"ဂျင်" ~~"ဂျင်" ဘယ်သူဖြစ်နေနေ ကိုယ်ဂရုမစိုက်ဘူး ကိုယ်အဲဒါတွေ စိတ်လည်းမဝင်စားဘူး ဂျင်......"

ဂျောင်ကု အရှေ့ကိုတိုးသွားကာ ဆော့ဂျင်နဲ့မျက်နှာချင်းဆိုင်လိုက်ပြီး မျက်လုံးတွေကို စူးစူးနစ်နစ်စိုက်ကြည့်လိုက်ကာ.......

"ကိုယ် ဂရုစိုက်တာ တစ်ခုပဲရှိတယ်.......
ဂျင့် ဘဝထဲ ကိုယ့်ကို ဝင်လာခွင့်ပြုဖို့ပဲ........

BUNCH {စည်း}Complete ✔️Where stories live. Discover now