ဆွေမျိုးအသိုင်းဝိုင်းဆိုသည်ကလည်း ကြောက်စရာကောင်းတယ်လို့ ပြောရမည်...

ဦးမျိုးနိုင်လက်ထဲ လုပ်ငန်းအားလုံးရောက်သွားကတည်းက ဦးမျိုးနိုင်ရဲ့ မဖြစ်စလောက်ပေးစာကမ်းစာတွေကို မက်မောနေကြတဲ့ လျှံ့ဆွေမျိုးတွေဟာ အားကိုးရာမဲ့ လက်ဝါးကြီးအုပ်ခံနေရတဲ့ လျှံ့ဘက်က တစ်ယောက်မှ ရှိမနေခဲ့...

ကိုယ့်ဒူးကိုယ်ချွန်တတ်တဲ့ လျှံကလည်း ခပ်ရှင်းရှင်းပင်....
အားလုံးကို ထားခဲ့ပြီး ရန်ကုန်မှာအလုပ်လုပ်နေတဲ့ မင်းသက္ခကိုဆက်သွယ်ကာ အလုပ်လုပ်ရင်း သူ့ဘဝကို ​ပြည့်စုံအောင် တည်ဆောက်ခဲ့တာက ယခုအချိန်ထိ...

ဒါတွေက မင်းသက္ခသိသလောက် အကြောင်းအရာတွေသာဖြစ်ပြီး လျှံနဲ့ ဦးမျိုးနိုင်ကြားမှာတော့ ဒီ့ထက်ပိုတဲ့အမုန်းတရားတွေရှိနေသေးတာ သေချာသည်...

ဒါပေမယ့် အဲ့ဒီ့အသေးစိတ်ကိစ္စတွေကိုတော့ ဦးမျိုးနိုင်နဲ့ လျှံပဲ သိလိမ့်မည်...

ဘယ်လိုပဲ ဖြစ်ဖြစ် မင်းသက္ခ သိသလောက် အကြောင်းအရာနဲ့တင် လျှံဟာ ဦးမျိုးနိုင်ကို ဖယ်ရှားသင့်ပါလျှက်နဲ့ ဘာလို့များ ဒီအထိလွှတ်လိုက်သေးတာလဲ...

အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ လို့ပြောရအောင်လည်း လျှံက သာမန်ဝန်ထမ်းတစ်ယောက်မှ မဟုတ်တော့ဘဲ..

သူဌေးရဲ့ ခင်ပွန်းဖြစ်နေခဲ့ပြီ...

ဒါမှမဟုတ် လျှံက ဦးမျိုးနိုင်အကြောင်း သူဌေးကို မပြောပြတာများလား...

မင်းသက္ခတစ်ယောက်တည်း အတွေးတွေဘောင်ဘင်ခတ်နေရပြီး..

"ကျွန်တော် ဒီနေ့တော့ သေချာအချိန်ပေးနိုင်မယ် မထင်ဘူး အရေးပေါ်ကိစ္စလေး ပေါ်လာတာရှိလို့...

နောက်ရက်မှ သေချာပြန်ချိန်းကြတာပေါ့"

တွေဝေစဉ်းစားနေရာက ကောက်ခါငင်ခါ ထရပ်ပြီး ​ပြောလိုက်တဲ့ မင်းသက္ခစကားကို ဦးမျိုးနိုင်က မကျေနပ်ဟန်ပြကာ..

"ကျုပ်လည်း အချိန်ပေါနေတာမဟုတ်ဘူး...
နောက်ဆို ကိုယ့်လူတို့ဘက်က သေချာမှချိန်းပါ"

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl) completedWhere stories live. Discover now