ဦးမျိုးနိုင်ကို မန်နေဂျာအဖြစ် ခန့်အပြီးမှာတော့ အကြံသမား ဦးမျိုးနိုင်ရဲ့ အကွက်ထဲမှာ လျှံ့အဖေဟာ အလွယ်တကူ ကျဆုံးသွားတယ်လို့ ပြောရမည်...

ဦးမျိုးနိုင်ရဲ့ မြှောက်ထိုးပင့်ကော် လုပ်မှုတွေကြောင့် စိတ်ဓာတ်ပျော့ညံ့တဲ့ လျှံ့အဖေဟာ အပျော်အပါးမက်သူ လုံးလုံးဖြစ်သွားပြီး...
အသောက်အစား အပျော်အပါးတွေကြားအချိန်ဖြုန်းကာ
သူယုံကြည်နေတဲ့ ဦးမျိုးနိုင်ကိုပဲ လုပ်ငန်းအားလုံးကို ကြီးကြပ်စေတဲ့အထိ..

​​ရောဂါသည်လည်းဖြစ်တဲ့အပြင် သားကိုသခင် လင်ကိုဘုရားလို ကိုးကွယ်ပစားပေးဖို့ကလွဲပြီး ဘာမှနားမလည်တဲ့ လျှံ့အမေရဲ့ နုံအမှု ကလည်း ဦးမျိုးနိုင်အတွက် အထူးအခွင့်အရေးကြီးပင်...

မကြာလိုက်ဘဲ ရုတ်တရက်ကြီးဆိုသလို လျှံ့အဖေဟာ ဦးနှောက်သွေးကြောပြတ်ပြီး ဆုံးပါးသွားကာ...

မသိနားမလည်တဲ့ လျှံ့အမေအတွက်ကတော့ ဦးမျိုးနိုင်က သူရဲကောင်းကြီး ဖြစ်လာခဲ့ပြီ...

ဦးမျိုးနိုင်က လျှံ့အဖေချန်ခဲ့တဲ့ လုပ်ငန်းအားလုံးကို အရှုံးတွေချည်း ချပြကာ...

သူကိုယ်တိုင်ကတော့ လုပ်ငန်းအားလုံးကို ခေါင်းထောင်လာအောင် လုပ်ပေးခဲ့တဲ့ ကယ်တင်ရှင်ကြီး...

နုံအ သူတွေကြား ကောက်ကျစ်သူဟာ အသာရစမြဲမို့...

နောက်ဆုံးမှာ လျှံ့အမေကိုပါ လှည့်စားရယူပြီး အားလုံးကိုအပိုင်သိမ်းလိုက်နိုင်တဲ့အထိ...

အဲ့ဒီ့အချိန်မှာ လျှံက အလယ်တန်းကျောင်းသားလေးသာ ရှိသေးသည်...

မိဘနှစ်ပါးလုံးနဲ့ မတူဘဲ ဘိုးဘေးတွေကိုကျော်ကာ မျိုးရိုးလိုက်တယ်လို့ သတ်မှတ်ရမည့် လျှံကတော့ ပထွေးဖြစ်သူရဲ့အကြောကို သိနေသလိုပင် တသီးတခြားလေး နေထိုင်တတ်ပြီး အရောဝင်ခြင်းလည်း မရှိခဲ့...

လျှံ ဆယ်တန်းရောက်တဲ့အချိန်မှာတော့ အစကတည်းက ချူချာလွန်းတဲ့ လျှံ့အမေပါ ထပ်ဆုံးသွားပြန်တော့...

ပိုင်ဆိုင်မှု စာချုပ်စာတန်းအားလုံးက ဦးမျိုးနိုင်လက်ထဲရောက်သွားကာ ကလေးသာသာရှိသေးတဲ့ လျှံ့အတွက်တော့ အရွယ်ရောက်လျှင် ခွဲဝေပေးမယ်ဆိုတဲ့ စကားကိုပဲ လူကြားကောင်းအောင်အသံလွှင့်ပေးခဲ့ပြီး
တကယ်တမ်းမှာကျ တက္ကသိုလ်တက်ဖို့ ကျောင်းစာရိတ်ကိုတောင် အပြည့်အဝထောက်ပံ့ပေးခြင်းမရှိ...

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl) completedWhere stories live. Discover now