' အဲ့လိုကောင်လေးတွေ ကြည့်ရှောင် ရုပ်ကလေးဗန်း
ပြပြီး အတွင်းစိတ်က အကျင့်ပုတ်ဖို့ပဲ
တွေးနေကြတာ '

' အတည်ပါ အ‌မရေ မထင်ထားတာ ။
company ကို ဘယ်လို မျက်နှာနဲ့လာလည်း မသိပါဘူး ။ ဒီတစ်ခေါက်ပရောဂျက်က Ceo ကိုပါ ထိတာတဲ့ ငွေတွေ အရမ်းကုန်မှာမရေ ။ သူ့လျော်ရမယ့်
သုညဂဏန်းက နောက်မှ မရေတွက်နိုင်အောင်ကပ်ပါနေတာ ဟင်းဟင်း '

' ပုံစံကိုလည်းကြည့်ပါလား အခြောက်လေးနေမှာပေါ့
ယောကျာ်းတစ်ကာ နဲ့ ဖြစ်နေတာထင်ပါတယ်
ဟင်းဟင်း '

မိန်းမတန်မဲ့ စကားပြောဆိုနေကြသည်ကားစည်းမရှိလှ။ လူတွေဟာ လူတစ်ဖက်သားကို ချိုးနှိမ်ဖို့သာတတ်ကြ၏။ လဲကျနေသည့်လူကို ဆွဲမထူ ဘာလို့လဲကျအောင်နေလည်း ဒါလေးတောင်မမြင်ချော်လဲကြတာပေါ့ စသဖြင့် စကားတို့ဖြင့်ထိုးနှက်ကြပေလိမ့်မည် ။ ဒီလိုလူတွေကြား သူကောင်းကောင်းကြီးခေါင်းမော့နေရမည်။ ပြသနာ တစ်ခုကြုံလာတိုင်း ဖြေရှင်းနည်းနှစ်မျိုးရှိသည်။ ထိပ်တိုက်ရင်ဆိုင်မလား ခေါင်းရှောင်သွားမလား ။ သူမှန်နေသရွေ့ သူဘယ်အခက်အခဲကိုမှ ကြောက်မည်မဟုတ် ဒါကြောင့်လည်းသူ ထိပ်တိုက်ရင်ဆိုင်မယ်ဆိုတဲ့ပထမအချက်ကို အမြဲရွေးချယ်မည် ။ သူရဲရဲကြီး‌ရှေ့သို့ ဆက်လှမ်းမည် ။ ဘေးပတ်ဝန်းကျင်စကားတွေဟာ ကိုယ့်ဘဝကို ထိုးချမည့် စကားတွေလို့သာ မှတ်ယူထားသည် ။ အရင်ဆုံး ကိုယ်မှန်နေရဲ့လား ကိုယ့်စိတ်သန့်ပြီး‌အေးချမ်း‌နေရဲ့လား သိအောင်လုပ်ရမည် ။ကိုယ့်စိတ်‌ အေးချမ်းနေဖို့ အဓိက လိုအပ်ချက်ကလည်း လိပ်ပြာသန့်နေဖို့ပဲ ။

လျှောက်လမ်းတစ်ခုလုံး အထင်သေးသည့်မျက်လုံးများဖြင့် အကြည့်ခံရလည်း သူခေါင်းမော့ထားသည် ။ဒီလိုလူတွေ အတွက် သူဘယ်တော့မှခေါင်းငုံ့စရာ
မလို။

"" ယိမ်းယိုင် ""

"" အင်း ""

"" စိတ်ကို အေးအေးထား ဟုတ်ပြီလား။
အစုရှယ်ယာကြီးတွေမို့ ဘာမှမဖြစ်နဲ့။ ""

"" ကျွန်တော်မကြောက်ပါဘူး ။ ""

"" ဟ အေးပါကွာ ။ ဘယ်ကသတ္တိတွေရနေတာ
လည်း ""

CHANDLER { Ongoing }Dove le storie prendono vita. Scoprilo ora