"အဲလူတွေဆီက လွှမ်းမိုးမခံနဲ့"

"ငါ့ကို ဘယ်သူမှ မလွှမ်းမိုးနိုင်ပါဘူး"

လင်ဝူယွီက သူ့ပခုံးကို ပုတ်လိုက်သည်။

"ကျေးဇူးပဲ"

ရွှီထျန်းပေါ်က အခန်းတံခါးကို ပိတ်လိုက်တော့ လင်ဝူယွီသည်လည်း သူ့အခန်းထဲသို့ ပြန်လာခဲ့လိုက်သည်။

သူတို့နှစ်ဦးကြားမှလေထုက ရုတ်ခြည်း ပြောင်းလဲမှုပါးပါးလေးတစ်ခု ဖြစ်သွားခဲ့သည်။ အနည်းငယ်တော့ ရင်နာစရာကောင်းလှ၏။

အခန်းဖော်များက ညဘက်ကိုယ်ပိုင်စာကြည့်ချိန်မှ ပြန်ရောက်နေကြပြီဖြစ်ပြီး စာရေးခုံပေါ် အပုံလိုက်ကလေး တိုက်ပွဲသစ်တစ်ပွဲကို ဆက်လက် တိုက်နေကြသည်။

ချန်မန်က သူ့လက်ထဲမှ အကင်ထုပ်ကို လာယူချိန် လင်ဝူယွီသည် အခန်းထဲ၌ အနည်းငယ်အနေကျပ်‌လှသော လေထုတစ်ခုကို ခံစားလိုက်ရ၏။ သို့သော်လည်း သူ ခေါင်မိုးထပ်၌ အော်ခဲ့သောကိစ္စအကြောင်းကို မည်သူကမှ အစမဖော်ကြ။

သူတို့အခန်းက ပုံမှန်အားဖြင့် ကိုယ်ရေးကိုယ်တာကိစ္စများအကြောင်း ပြောဆိုကြခြင်းကို ရှောင်ကြသည်။

ဤကဲ့သို့သော အလွန်အမင်းချီးကျူးဖွယ်ရာ အဆောင်ခန်းပတ်ဝန်းကျင်မှာ လူတစ်စုတို့၏ လုံးထွေးသတ်ပုတ်ပွဲများ၊ အချေအတင်ရန်ပွဲများကြားထဲမှ စတင်ဖြစ်လာခဲ့ခြင်းပင် ဖြစ်ပါ၏။

ထို့ကြောင့် ခေါင်မိုးထပ်၌ အများသူငှာရှေ့ လူသိရှင်ကြား Come Out လုပ်ခဲ့သော ကိစ္စရပ်အကြီးကြီးပင်လျှင် အကယ်၍ လင်ဝူယွီသာ သူ့ဘာသာသူ စကားအစမဖော်ပါက ကျန် ၃ ယောက်က မေးမြန်းကြလိမ့်မည် မဟုတ်ချေ။

"ငါ့ရဲ့ ညဉ့်လုံးပေါက်နေနိုင်မဲ့ ခွန်အားလေး လာပါပြီ"

ချန်မန်က အထုပ်ကို ဖွင့်လိုက်ပြီး ကြက်အသည်းအမြစ်ကင်တစ်ချောင်းကို ယူကာ တစ်ကိုက်ပြီးတစ်ကိုက်စစားလေတော့သည်။

"အဲဆိုင်ကပဲလား"

လျို့ဇစ်ယိသည်လည်း ထရပ်ကာ လျှောက်လာပြီး ‌အနေကျပ်နေသောလေထုကို ပြေလျော့စေရန် အတင်းလုပ်ယူထားကြောင်းသိသာနေသော ကြောင်တိကြောင်တောင်မေးခွန်းကို မေးလာခဲ့၏။

ရှောင်းကျန်း || မြန်မာဘာသာပြန် ||Where stories live. Discover now