Update Schedule 《Must Read》

Start from the beginning
                                    

ပြောထားတဲ့ Schedule အတိုင်း Update မလာနိုင်ရင်တော့ exam တစ်ခုခုရှိလို့၊ မဟုတ်ရင် metal breakdown ဖြစ်ပြီး translator's block ဖြစ်နေလို့ပါ။

ဘာသာပြန်ကောင်းတွေ အများကြီးဖတ်နိုင်ကြပါစေ
ရှဲ့ရှဲ့သာ့ကျား

*

သာ့ကျားဟောင် ilymm_ ပါ။

အခုလောလောဆယ် ပြိုင်တူကိုင်ထားတဲ့ နှစ်ပုဒ်အတွက် ‌Ongoing လိုက်တဲ့သူတွေအတွက် Schedule လေးနဲ့ ပတ်သတ်ပြီး ပြောပြချင်တာလေးရှိပါတယ်။

မတိုင်ခင် အရင်ဆုံး ကိုယ်ဘာသာပြန်တဲ့ပုံစံလေးကို နည်းနည်းပြောပြချင်ပါတယ်။ အရင်ဘာသာပြန်ကို ဖတ်ဖူးတဲ့သူတွေ ‌တော်တော်များများ သိကြမယ်ထင်ပါတယ်။ ကိုယ်က ဘာသာပြန်တဲ့အခါ လုံးကောက်ပြန်တတ်ပါတယ်။ အဲဒါကိုမှ Raw နဲ့ တိုက်ပြန်တာဖြစ်တဲ့အပြင် Etrans ကနေ ပြန်တာလဲ မဟုတ်တော့ နဂိုကတည်းက ဇီဇာကလဲခပ်ကြောင်ကြောင်ဖြစ်တဲ့ကိုယ်က အသေးစိတ်သိရမှ ကျေနပ်တာကြောင့် ဝါကျထဲက စကားလုံးတစ်လုံးချင်းစီရဲ့ အဓိပ္ပါယ်ကိုပါ ရှာပြီး ပြန်တတ်ပါတယ်။ အဲဒါကြောင့်မို့ တစ်ပိုင်းကို ဘာသာပြန်ရင် လက်တန်းပြန်တာထက်ကို ၂ ဆ နီးပါးလောက်ပိုကြာတတ်ပါတယ်။ ပြီးတော့ စကားလုံးအသုံးအနှုန်း စဉ်းစားမရရင် ဒါမှမဟုတ်၊ အဲစာကြောင်းကို သေချာနားမလည်ဘူးလို့ ခံစားရင် ဘာသာပြန်တာရပ်ပစ်လိုက်ပြီး နောက် အေးဆေးပြန်စဉ်းစားလို့ရတဲ့အခါမှ ဆက်ပြန်တတ်တယ်။ အစားအသောက်နာမည်တွေ၊ သက်ဆိုင်ရာ terms တွေ၊ idiom တွေဆိုလဲ ကိုယ့်စိတ်ထဲ လုံးဝ ဒါပဲ ဆိုတဲ့ ခံစားချက်မျိုးမရသရွေ့ ဆက်ပြီး စဉ်းစားတတ်တယ်။ တစ်ပိုင်းလုံးပြီးတဲ့အခါ proofread ပြန်ဖတ်ပြီး ကိုယ့်စိတ်ထဲ ရပြီလို့ ခံစားရတဲ့အခါမှပဲ Publish လုပ်ပါတယ်။ ပြောချင်တာကတော့ အချိန်က ပုံမှန်ထက်တော့ နည်းနည်းပိုယူပေမဲ့ Quality အတိုင်းအတာတစ်ခုရှိတဲ့ ဘာသာပြန်ကို ပေးနိုင်ဖို့ကိုတော့ အာမခံပါတယ်။

အဲဒါကြောင့် Schedule နဲ့ ပတ်သတ်ပြီး ပြောချင်တာကတော့ ပြန်လက်စနှစ်ပုဒ်ကို တစ်ပတ်ခြားကို တစ်ပုဒ်စီ Update ပေးသွားပါမယ်။ ဒီအပတ်က Unbridled ဆို နောက်အပတ်ကျ Unexpected Dog ဖြစ်ပါမယ်။ 

Unbridled Week မှာတော့ ကြာရင် နှစ်ရက် တစ်ပိုင်း၊ မကြာရင် သုံးရက် ၂ ပိုင်းနှုန်း နဲ့တင်ပေးသွားမှာဖြစ်ပြီး Unexpected Dog Week မှာတော့ ပုံမှန် သုံးရက် ၂ ပိုင်း၊ မြန်ရင် တစ်ရက် တစ်ပိုင်းနှုန်းနဲ့ တင်ပေးသွားပါမယ်။

Update Schedule မတူရခြင်းကတော့ Unexpected Dog မှာ စာရေးသူရဲ့ writing style က များသောအားဖြင့် ဘာသာပြန်ဖို့အတွက် Simple ဖြစ်တယ်လို့ ဆိုနိုင်ပြီး Unbridled မှာကျတော့ စာရေးသူရဲ့ Writing Style က ဘာသာပြန်တဲ့အခါ သတိနည်းနည်းပိုထားပြီး ပြန်ရတာကြောင့်ပါ။ အခုလိုမျိုးလေးက စာဖတ်သူတွေအတွက်လဲ  Update စောင့်ရတာ ပိုအဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။


ရှဲ့ရှဲ့သာ့ကျား

*

ရှောင်းကျန်း || မြန်မာဘာသာပြန် ||Where stories live. Discover now