"ဟွန့်..."

ဘာလို့မှန်းမသိထိုင်လိုက်တာနဲ့ရှောင်ကျန့်ရဲ့ အသံကိုကြားနေရလေပြီ ။

"ပျော်နေတယ်ပေါ့"

"ဘာဖြစ်လို့လဲ ကလေးမွေးနေ့ပဲကို"

"အဲ့တာကြောင့် သမီးမိန်းကလေးမမွေးပေးချင်တာ"

"ဘာဖြစ်လို့လဲ"

"အခုပဲကြည့်လေ...အဲ့ကလေးလေးကိုပါလေရာခေါ်သွားတယ်
ဒါတောင်တူမလေးဖြစ်နေလို့ သမီးအရင်းခေါက်ခေါက်ဆိုရင်လေ
အိမ်သာထဲထိပါခေါ်ပြီး ထိန်းနေမလားတောင်မသိဘူး"

"အချစ်ရယ် အဲ့တာက ကိုယ်ကကလေးချစ်တတ်လို့လေ"

"တူမကိုချီထဲကကိုက ကျန့်ကျန့်ကိုပယ်ထားတာ ဟွန့်! သမီးမိန်းကလေး‌သာမွေးလာရင်လေ ကျန့်ကျန့်ကိုရှိလို့ရှိမှန်း
တောင်သိမှာမဟုတ်ဘူး"

"အဲ့လိုမျိုးရှိလာမှာမဟုတ်ပါဘူး..."

"ဘယ်လိုပဲဖြစ်ဖြစ် ရှိချင်ရင်ရှိ..."

"အကုန်လုံးပဲ ဒီကိုအာရုံစိုက်ပေးကြပါ!"

သူတို့နှစ်ယောက်စကားတွေပြတ်တောက်သွားပြီး ၀မ်ချင်းယူက
ထအော်တာကြောင့် အရှေ့ဘက်သို့မျက်နှာမူနေလိုက်သည်။

"ဒါကတော့ ကျွန်တော့်သမီးလေးရဲ့ ရက်၁၀၀ပြည့်ပါ...ပြီးတော့
နာမည်ကင်ပွန်းတက်မှာပါ...အဖိုးပေးပါလိမ့်မယ်"

၀မ်မျိုးရိုး‌‌ရဲ့မြေးတွေမြစ်တွေကို ဖိုးဖိုးကဒိုင်ခံအမြဲပေးတတ်မြဲ
ရိပေါ်က မြေးဦးဖြစ်တာကြောင့် သူကိုယ်တိုင်ပဲနာမညိပေးခဲ့တာပင်
ဖိုးဖိုးက တုတ်ကောက်လေးနဲ့ ထသွားပြီး သူတို့နားသွားတယ်။

"မြစ်အငယ်ဆုံးလေးကို...၀မ်..ရွှန်းလို့ နာမည်ပေးမယ်"

*‌ဖြောင်း...ဖြောင်း*

လက်ခုပ်သံတွေပေါ်ထွက်လာတယ် နာမည်လေးက ၀မ်ရွှန်း
တဲ့လေ ရှောင်ကျန့်စဉ်းစားကြည့်တယ် သူ့တို့ကြရင် ဖိုးဖိုးက
နာမည်ဘယ်လိုပေးမှာပါလိမ့် ။

"ကဲ လာကိတ်မုန့်ခွဲရအောင် ၀မ်ရွှန်းလေးရေ"

မိဘနှစ်ပါးက ကလေးလက်လေးကိုဓားရိုးနဲ့အတူတွဲကိုင်လို့
ကိတ်မုန့်ကိုလှီးလိုက်တော့ လက်ခုပ်သံတွေကတစ်ဖန်ပေါ်ထွက်မြဲ
မိဘနှစ်ပါးကတော့ ကလေးလေးပါးကိုတစ်ယောက်တစ်ဖက်စီ
နမ်းလို့ ပျော်ရွှင်နေကြသည် ။

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now