မှောင်မည်းနေတဲ့ အခန်းငယ်လေးမှာ
တိပ်ခွေကလာတဲ့ ခပ်တိုးတိုးအသံကသာ
စိုးမိုးနေတယ်။ရုတ်ခြည်း အပြင်ကမိုးစက်သံတွေက
အခန်းထဲက အသံတွေကို ဖုံးလွှမ်းသွားတယ်။
တဖြောက်ဖြောက်ကျဆင်းလာတဲ့
မိုးစက်တွေက ဂယူဗင်း အကြားအားရုံကို
သိသိသာသာ စိုးမိုးနိုင်တယ်။အတိတ်က ပျော်ဖို့သိပ်မကောင်းပါဘူး။
ဂယူဗင်းကတော့ ရုပ်ရှင်တစ်ကားကို
ပြန်ကြည့်နေတယ်လို့ပဲ အလွယ်တကူ
စဥ်းစားလိုက်တယ်။မရေတွက်နိုင်အောင်
ကြည့်ခဲ့ဖူးတဲ့ တိပ်ခွေကို ပြန်ရစ်လိုက်တယ်။
အတိတ်မှာစမယ် ပစ္စုပ္ပန်မှာ အဆုံးသတ်မယ်။အဖြူ၊အမည်းရောနေတဲ့ အရိပ်တွေကြောင့်
ဂယူဗင်းက တစ်ဖက်လူကို သေချာမတွေ့ရဘူး။
ဒါပေမဲ့ ရင်ထဲမှာ မေ့မရတော့ အင်္ကျီအရောင်က
အစ ဂယူဗင်း မှတ်ဉာဏ်ထဲ သံမှိုစွဲသလို
စွဲကပ်နေတယ်။1.
"မင်း ကင်မရာတစ်လုံးနဲ့ ရှုပ်နေမဲ့အစား
ငါတို့ကို လာကူဦး"ဂယူဗင်းက ကင်မရာကို သူမ လက်ထဲပေးလိုက်ပြီး
ရစ်ခီ နဲ့အတူတူ မီးမွှေးဖို့ပြင်တယ်။အိမ်မပိုင်တဲ့ ရစ်ခီ က ချစ်သူနဲ့ အတူတူ
ခရီးထွက်ချင်တာကို သူငယ်ချင်းနဲ့ သွားပါမယ်ဆိုပြီး လိမ်တယ်။ နာကျင်ရမဲ့ကံပါလာတော့လည်း
ဂယူဗင်းက အတူပါလာရတယ်။"မင်းနဲ့ သူငယ်ချင်းဖြစ်ရတာ
တော်တော်ကံဆိုးတာပဲ"ဆန္ဒတွေကို စသလို၊နောက်သလို
ထုတ်ပြောဖြစ်တယ်။ အစကတည်းက
အလွယ်လမ်းကို ဂယူဗင်းက မလိုက်ခဲ့ရမှာ
အခုတော့ မလွတ်မြောက်နိုင်တဲ့ သံသရာထဲ
လည်နေပြီ။"ဒီကောင် မောင်ကိုပြောတာ ကြားလား မင်း သူငယ်ချင်းကို ကြည့်ပြောထား"
ရစ်ခီ က တိုင်တန်းပြန်တယ်။မောင် ဆိုတဲ့
အသုံးနှုန်းက ဂယူဗင်း ရင်ထဲဆစ်ကနဲ။
ဘယ်သူကိုမုန်းမရလဲ။ တစ်ဖက်ကလည်း သူငယ်ချင်း၊အော် နောက်တစ်ဖက်ကလည်း သူငယ်ချင်း။သံယောဇဥ်ဆိုတာ ဖြတ်ဖို့ခက်သလို၊
ချစ်မိတဲ့စိတ်ကိုလည်း ဖျောက်ဖို့ခက်သား။