"ဏရီ ကြားလား တစ်ခုခုဖြစ်နေတာလား"

"မဟုတ်..မဟုတ်ဘူး တို့ထွက်လာခဲ့မယ်နော် ခဏလေး"

မျက်နှာသစ်သွားတိုက်ပြီးနောက်အခန်းပြင်ထွက်လိုက်တော့ အခန်းတံလားဝရှေ့မှာ အင်္ကျီကပုခုံးတစ်ဖတ်ကျနေသည့်အနေအထားဖြင့်သူမကိုစိုးရိမ်နေဟန်ရှိသည့်နိုဝယ်။

"ဟို အင်္ကျီက..."

ပြောပြောဆိုဆို bathrope ကိုနေရာကျအောင်လုပ်ပေးတော့ သူကိုက်ထားသည့်ဒဏ်ရာကအထင်းသား။ ထိုအရာကိုမြင်တော့ ဏရီ့နားရွက်ဖျားတွေရဲတက်လာရသည်။ မနတ်စောစော မျက်နှာပြောင်ရှင်းနေသည့် နိုဝယ့်မျက်နှာလေးကအပြစ်ကင်းစင်သည့်သူသဖွယ်။ ထိုကိစ္စကို သူဘယ်လိုပြောပြရမလဲ မှားသွားပါတယ်လို့ပြောရမလား။ မသိသလိုနေလိုက်ရမလား။

"ဟို ဟို ညကလေ ညကကိစ္စကိုတောင်းပန်ပါတယ်။ တို့ တို့စိတ်ကမသိလိုက်ပဲနဲ့လုပ်မိသွားခဲ့တာ"

"မတောင်းပန်ပါနဲ့ နိုဝယ်ကိုယ်တိုင်မတားခဲ့မိလို့ ဖြစ်သွားတဲ့ကိစ္စပဲ ဘာမှမဖြစ်သွားပါဘူး။

"တို့ပြောချင်တာအဲ့လိုသဘောမျိုးမဟုတ်ပါဘူး အကယ်၍ နိုဝယ်ကဒီကိစ္စကိုမကျေနပ်ရင် တို့ကိုပွင့်ပွင့်လင်းလင်းပြောလို့ရပါတယ် မင်းစိတ်ကျေနပ်တဲ့အထိတို့လုပ်ပေးမှာပါ"

"အဟင်း တကယ် နိုဝယ်စိတ်ကျေနပ်တဲ့အထိလုပ်ပေးမှာလား"

ဏရီ့နားအနားကပ်ကာ အသံခပ်တိုးတိုးဖြင့်ပြောလိုက်သည်ကား ကြက်သီးထဖွယ်။ အောက်နှုတ်ခမ်းကိုကိုက်ကာပြောလိုက်သည့်အသံအနေအထားမျက်နှာအထားအသိုက ဏရီအဖို့ကျောပါချမ်းစေသည်။

"ဘာ ဘာလုပ် ပေးရမလဲဟင်။

"အဟင်း စတာပါ နိုဝယ်အဝတ်အစားထုတ်ပေးထားတယ် ဝတ်ထားလိုက်နော် နိုဝယ်မျက်နှာသစ်လိုက်အုန်းမယ် ပြီးမှ မနတ်စာစားကျမယ်လေ"

"အော် အင်းအင်း"

ခြေမကိုင်မိလက်မကိုင်မိဖြစ်နေ၍ ရေချိုးခန်းထဲသို့ ပြုံးစစနှင့်ဝင်သွားသည့်နိုဝယ့်မျက်နှာကိုတော့သူမမြင်လိုက်ပါ။ နိုဝယ်ထုတ်ပေးထားသည့်အဝတ်အစားများကိုလဲနေတုန်း တစ်ယောက်ယောက်ကြည့်နေသလိုခံစားနေရ၍အနောက်ကိုလှည့်ကြည့်လိုက်တော့ သူ့အားရွန်းရွန်းဝေသောအကြည့်နှင့်ကြည့်နေသည့်နိုဝယ်။ ​ချက်ချင်းဆိုသလို ကြက်သီးထမိပြီး ကျောပါချမ်းတက်လာပြန်သည်။

ဒဏ္ဏာရီ - θρύλος (completed-9)Where stories live. Discover now