" လီဆာ ဟိုတောင်ကုန်းပေါ် ခဏထိုင်ရအောင် "

မောဟိုက်နေတဲ့ လေသံကြောင့် လီဆာရှေ့က တောင်ကုန်းလေးပေါ်ပြေးတက်သွားလိုက်ရင်း သစ်ပင်အောက်မှာ ကပ်ထိုင်လိုက်တယ် ။

" လီဆာ ငါ့ကို ဆွဲကူပါဦး "

ဒီတောင်ကုန်းသေးသေးလေးတောင် မတက်နိုင်သော မပေါက်စကို လက်မောင်းကနေဆွဲတင်လိုက်တော့ ဆွေ့ခနဲပါလာသည် ။

" လီဆာ ဟိုဘက်တိုးပါလား ငါထိုင်ချင်တယ် "

မြက်ခင်းပြင်ပေါ်ကနေ အသာရွှေ့ပေးလိုက်တော့ လီဆာ့နားကပ်ကာ တိုးထိုင်လာသည် ၊ ထူးခြားတဲ့ အခြေအနေတစ်ခုက လီဆာဟာ သူမကိုလုံးဝစကားမပြောတာပါပဲ ။

" လီဆာ ငါဟိုးနားက ပန်း‌အဝါရောင်လေးလိုချင်တယ် "

" နင် နင်နော် "

ပြောရင်းဆိုရင်း စိတ်တိုတိုဖြင့် ထသွားသော လီဆာ့ကို လှမ်းကြည့်လိုက်သည် ။

" ဒီဟာလေးလား "

အဝါရောင် စက္ကူပန်းတွေကို အခိုင်လိုက်ဆွဲပြရင်း မေးနေသောလီဆာ့ကိုကြည့်တော့ Aurora အလင်းတန်းတွေဟာ လီဆာ့အပေါ်ပဲ ဖျာကျနေသလို နေရောင်တောက်တောက်ထဲမှာ လီဆာ့ရဲ့ ရွှေအိုရောင်ဆံပင်တွေက သိပ်ကိုချစ်ဖို့ကောင်းသည် ။

" ဂျန်းနီကင်မ်ရှီ ဒီဟာလားလို့ "

" အော် ဟုတ်တယ်ဟုတ်တယ် အဲဒါလေးတွေ "

ပန်းခိုင်တစ်ခိုင်လုံးနီးပါး ချိုးကာခူးယူလာသော လီဆာ့အား ပြောမယ့်သူသည် အလျင်းမရှိ။

" ရော့ နင်သာလေ နင့်လက်တွဲ‌ေဖာ်နဲ့ ကုန်ဆုံးရမယ့်အချိန်တွေမဟုတ်ဘူးလား "

" နင်ကငါ့ကိုငြိုငြင်ပြီပေါ့ "

" အင်း တကယ် ငြိုငြင်နေပြီ "

မထင်မှတ်ထားသောစကားအခြေအနေကြောင့် ဂျန်းနီရင်ထဲ ဝမ်းနည်းမှုအနည်းငယ် ဝင်ရောက်ဖြတ်သန်းသွားရသည်။

" Jong ah ကမ်းစပ်လမ်းနားက ပန်းခြံထဲမှာ တို့ကိုလာခေါ်ပါလား "

ဖုန်းထုတ်ကာ တစ်စုံတစ်ယောက်ဆီဆက်နေသော ဂျန်းနီကင်မ်ကို ခပ်ဆွေ‌ေဆွကြည့်ရသူမှာ လီဆာပါပဲ ။

ချစ်လှစွာသော ကြယ်တာရာDonde viven las historias. Descúbrelo ahora