ဆော့ဂျင်ပြောပြီး လက်ထဲကရေခရားကို ဆောင့်ချလိုက်သည်
ရှက်ရှက်နဲ့ အပေါ်ကို ပြန်တက်မလို့လုပ်ပြီး နောက်ကိုပြန်လှည့်ကြည့်ကာ.....

"နင်တော့ နာတော့မယ်...."

အပေါ်ကို ဘောက်ဆတ်ဆတ်နဲ့တက်သွားတဲ့ ဆော့ဂျင်ကို ဆမ်မီတစ်ယောက် ကြောင်ပြီးရပ်ကြည့်နေမိသည်။
အခုသူ့ကို ဆူသွားတာ သူ့အကိုဟုတ်ပါလေစနော်

"ဟင် ကယောင်ချောက်ချားဖြစ်နေတယ်လို့ ငါလည်းမပြောမိပါဘူး အခုစိတ်ကောက်သွားတာလား..."

"မမလေးဆမ်မီ တစ်ယောက်တည်း စကားတွေပြောနေတာလား?"

ဆမ်မီ လှည့်ကြည့်လိုက်တော့ "ဒီဒီ"က သူ့ကို မျက်လုံးလေးပြူးပြီး ကြည့်နေသည်။
"ဒီဒီ"ဆိုတာ သူတို့အိမ်အကူအဒေါ်ကြီးရဲ့ သမီးပင်ဖြစ်သည်
ဒီမှာပဲခေါ်ထားပြီး ကျောင်းဘာညာကအစ သူတို့မောင်နှမနှစ်ယောက်က ကူညီစောင့်ရှောက်ထားသည်။

"ဟယ် မဟုတ်ပါဘူး ဒီဒီ"ရယ်"

"ဟီး မသိဘူးလေ အကိုလေးဂျင်ကလည်း အခုတလော ထူးဆန်းနေလို့...."

"ဟင် ဟုတ်လား နင်ရော အဲ့လိုပဲထင်လား "ဒီဒီ" ကိုကြီး ထူးဆန်းနေတယ်လို့လေ..."

"ဟုတ်တယ် မမလေးရဲ့ ဟိုတစ်နေ့က "ဒီဒီ" ခြံထဲမှာ ပန်းပင်တွေ ရေလောင်းနေရင်း အကိုလေးဂျင်ကို တွေ့တာ အကိုလေးကလေ သစ်ပင်ကြီးကို စကားတွေပြောနေတာ....."

"ဘာတွေပြောနေတာလဲ?"

"အဲဒါတော့ "ဒီဒီ"လည်း မသိဘူး မမလေးရဲ့ အကိုလေးနဲ့က နည်းနည်းဝေးတော့ ဘာတွေပြောနေလည်း မကြားရဘူး ပြီးတော့လည်းလေ ဘာတွေစိတ်ဆိုးနေလည်းမသိဘူး "ဒီဒီ့"ကိုလည်း ဆူသွားသေးတယ် ......
ရေလောင်းတာ ဘာလို့မတ်တတ်ကြီးလောင်းနေတာလဲတဲ့ နင်တော့နာတော့မယ်ဆိုပြီး ဆူသွားတာ"

"ဟားဟား....နင်လည်း အဲ့လိုအဆူခံလိုက်ရတာလား"

"ဟုတ် မမလေးရဲ့ အကိုလေးတစ်ခုခုဖြစ်နေတာလား မသိဘူးနော်
အရင်နဲ့ မတူဘူး တခြားတစ်ယောက်ကိုမြင်နေရသလိုပဲ"

BUNCH {စည်း}Complete ✔️Where stories live. Discover now