'ဆု ထမင်းစားပြီးပြီလား'

မစားရသေးဘူးအကို ရေမိုးချိုးပြီးမှစားမလို့ တအောင့်နေစားမှာပါ အကိုရော

အကိုမစားတော့ဘူးဆု ဟိုကောင်ဝေလင်း ကဒီည သူတစ်ခုခုလိုက်ကျွေးမယ်လို့ ကမ်းလှမ်းထားတယ် ဆုလိုက်ခဲ့ပါလား

ဆုနဲ့ဝေလင်းနဲ့ ကမိတ်ဆက်ထားပေးဘူးလို့ မျက်မှန်းတန်းမိသလောက်တော့သိကြသည်။

မလိုက်တော့ဘူးအကို ဆု စာစောင်တွေလက်စသပ်ရမှာအများကြီးပဲ ညနောက်ကျမှာလား စောမလားအကို ဆု စောင့်နေရဦးမှာလား။ သိပ်နောက်ကျရင် ဆု မစောင့်နိုင်ဘူး မနက်ကိုစာစောင်တွေကို စာတိုက်ပို့ရမှာ

''မပြောတတ်ဘူးဆုရဲ့ ဝေလင်းက ဘယ်လိုလာဦးမလဲမသိဘူး ။ နောက်မှအကို ဖုန်းဆက်လိုက်မယ် ''

အင်း ဒါလဲရပါတယ် ဒေါ်ညိုတို့လင်မယားလဲ
ရှိတာပဲ ကိစ္စမရှိပါဘူး

တီးတီးးးးး

အော် ဟိုမှာကားရောက်လာပြီ ဆု အကိုသွားတော့မယ်

အင်းအကို ဆုခြံဝအထိလိုက်ပို့မ

မဆု ကိုတေဇာကိုdinnerလိုက်ကျွေးမလိူ့ မဆုပါလိုက်ခဲ့လေ

နေပါစေ ငါ့မောင်ရယ် အမ အလုပ်တွေပုံနေလို့ နင့်အကို ကို သာကျွေးမွေးလိုက်

ဟုတ်ကဲ့ ပါ

ကျွန်တော်ကားပေါ်တက်လိုက်ပြီး

သွားပြီဆု

မဆု ကျွန်တော်တို့သွားပြီ

အေးအေး

ဒီလိုနဲ့ထွက်လာခဲ့ပြီး

ကိုတေဇာ နဲနဲ ပဲ အစာ​​ေ​ြပစားမယ်ဗျာ

ဒီည ရေချိန်ကိုင်အောင် ကစ်မယ်

အေးး

barရောက်လို့ သောက်စားရင်း ဒီကောင်နဲနဲမူးလာပုံရသည်

ကိုတေဇာကိုကျွန်တော့်ကိစ္စတစ်ချို့ ပြောပြမယ်ဗျာ

အေးးပြော

ဒီကောင်ခံစားနေရတာတွေရင်ဖွင့်စရာရှိလို့ ကျွန်တော့်ကို ဒီခေါ်လာတာ

ဒီလိုကိုတေဇာရာ ဆေးကျောင်းတတိယနှစ်လောက်ကတည်းက သဘောကျရတဲ့မိန်းကလေးရှိတယ် သူ့ကိုကျွန်တော်သဘောကျခဲ့တယ်ပြီးတော့ ရည်းစားဖြစ်ရဖို့ကိုကြိုးစားရတာ ဗျာ3နှစ်လောက်ကြာတယ်
ရည်းစား​ြဖ စ် တော့လည်း ကျွန်တော်သူ့ကိုဘာအခွင့်အရေးမှ​ယူခဲ့ဘူး ဗျာ ကျွန်တော်သူ့ကို လက်ထပ်ဖို့အထိတောင် ရည်ရွယ်ထားခဲ့တာ ဒါမဲ့ဗျာ လွန်ခဲ့တဲ့လ လောက်က သူကျွန်တော့် ကိုလမ်းခွဲခဲ့တယ် သူ့ကိုကျွန်တော့်ထက်ပိုချစ်ပေးနိုင်တဲ့ အရာရှိသားတစ်ယောက်နဲ့ လက်တွဲတော့မယ်လို့ ပြောပြီး ထားသွားတယ် ကျွန်တော်သူ့ကိုမေ့လို့မရသေးဘူးဗျာ

Bad Guy (လူဆိုး)Where stories live. Discover now