Uni
နန်းဆွေ ထမင်းစားခန်းထဲသို့သွားကာ မျက်စိဝေ့၍ သူ၏ မိခင်ဖြစ်သူအားရှာလိုက်သည်။ ညီဖြစ်သူ နန်းဝေကတော့ ဖေဖေ့ကို ကူဖို့ကျန်ခဲ့သည်။"မေမေ"
နန်းဆွေ၏ တိုးညင်းသော ခေါ်သံနောက်မှာ အပြင်သို့ အပြေးကလေး ထွက်လာသော ဒေါ်ဆောင်းနန်းနွေ။
"နန်းဆွေ"
"ဟုတ် မေမေ သားတို့သွားတော့မယ်လေ"
ဒေါ်ဆောင်းနန်းဝေနွေ လေးလေး ပင်ပင် ဖြင့်ခေ့င်းငြိမ့်လိုက်မိသည်။ သူမ၌ရွေးစရာမရှိပေ။ မသွားပါနဲ့ဟူ၍လဲ ထား၍ မရ။ ၁၅ နှစ်ပြည့်ဖို့ လပိုင်းလောက်လာလိုတော့သော နန်းဆွေ အားကြည့်မိသည်။ အယ် ဟုတ်သား နန်းဝေလေးရော။
"သားနန်းဝေ ရော ကလေး"
"ဖေဖေကို ကူဖို့ကျန်ခဲ့တယ်"
သူမနှင့်မတူ လေးပင်ခြင်းမရှိစွာ ဖြေလိုက်သော နန်းဆွေအားကြည့်ကာ အနည်းငယ်တော့ စိတ်အေးမိသည်။ အော် ဘဝ ဘဝ ဖအေတူသားတွေရှိတာ မကောင်းပါလား။ နန်းဝေ ဆိုပိုဆိုးသေး သူအဖေလို တစ်ချိန်လုံး အေးစက်စက်နဲ့။ သူမကလဲ သူမပါပဲ။ နန်းဆွေထက် နန်းဝေအား အချစ်ပိုမိသည်ကိုတော့ ဝန်ခံရမည်။ နန်းဆွေကတော့ သူမတူစွာတစ်ချိန်လုံးသူမအနားသာ ကပ်သည်။ နန်းဝေကတော့ စာအုပ်ဖတ်ဖို့နှင့် တယောထိုးဖို့သာ စိတ်ဝင်စားသည်။
ဆောင်းနန်းဝေနွေ သားကြီးဖြစ်သူအားဆွဲကာ အိမ်ရှေ့သို့ထွက်လာမိသည်။ မျက်စိဝေ့ကာရှာလိုက်တော့ ဟော...... တွေ့ပါပြီ မောင်မင်းကြီးသား နန်းဝေတစ်ယောက် ကားကိုမှီကာစောင့်နေသည်ကို။
"သားဝေ"
"မေမေ"
"နန်းဆွေနဲ့ နန်းဝေ ဂရုစိုက်ကျ မေမေပြောမယ်နော် ဘာပဲဖြစ်လာဖြစ်လာ စိတ်လိုက်မာန်ပါမလုပ်ကျနဲ့ မေမေမှာ မင်းတို့ကိုပဲ အားကိုးရမှာ စကားပြောရင်လဲ သတိထားဦး"
"ဟုတ်" "ဟုတ်"
"ကဲ......ကဲ သွားကျတော့ ဖေဖေ စိတ်တိုနေဦးမယ်"
_______"နှင်းညိုလေးရေ ဒီနေ့ ဖေဖေ့သူငယ်ချင်းလာမှာနော် သားလေး သိပ်မဆော့နေနဲ့ဦး ညီလေးကိုလဲ တစ်ချက်ကြည့်ထားဦး"
![](https://img.wattpad.com/cover/356233634-288-k1796.jpg)
YOU ARE READING
ငုရွှေဝါညို ဒေါင်းဖြူပျို
Historical FictionU/Z ငုပန်းလေးတွေကလှတယ်။ နှင်းဆီ နီနီတွေလဲ ကြိုက်သား။ ပိတောက်ပန်းကလဲ မေ့လို့မရဘူးဗျ။ သပြေဘူတတွေတောင် ပွင့်နေကျရောပေါ့။ ------- ရောင်ခြည်မှိုင်း ~~~~ ------- ကိုယ်တိုင်ဖန်တီးရေးသားထားသည်။ တစ်စုံတစ်ခုအမှားပါရှိပါက စာရေးသူ၏ အသုံးမကျမှုသာဖြစ်သည်။ တူညီမှု...