Ch1.2

43 4 2
                                    

၀မ်တိရွယ် အိမ်ထဲ၀င်လိုက်သည်နှင့် ဘေးသို့ အိမ်တော်ထိန်းအိုကြီး ရောက်ရှိလာသည်။အိမ်တော်ထိန်းကြီးက ၀မ်တိရွယ်၏ ကုတ်ကို လက်လွှဲယူလိုက်ပီး ပြောလိုက်သည်။ သခင်လေး သခင်ကြီးက အနောက်ဘက် ဖန်လုံအိမ်ပန်းခြံထဲမှာ အနားယူနေပါတယ် ၀မ်တိရွယ် ခေါင်းတချက်ညိမ့်ပြလိုက်ပီး သူ့အဖိုးဆီထွက်လာလိုက်သည်။
သူ ဘယ်အချိန်က စပီး စကားနည်းသွားတယ်ဆိုတာကို မမှတ်မိတော့ပါဘူး သူ့မိဘတွေရှိတုန်းကတော့ အတော်လေးတက်ကြွစူးစမ်းတတ်တဲ့ကောင်လေးတစ်ယောက်ဖြစ်တယ်ဆိုတာကို သူခပ်ရေးရေးမှတ်မိပါတယ်။ ဖြစ်နိုင်တာက သူ့တစ်နှစ်‌ေကျာ် နှစ်နှစ်ပြည့်ခါနီးအရွယ် မိုးတွေရွာတဲ့ညမှ သူ့မိဘတွေကိုညစာစားဖို့စောင့်နေရင်း ထမင်းစားခန်းထဲကို နီရဲစူးရှနေတဲ့ မျက်လုံးတွေနဲ့ ၀င်လာပီး။
"ရွယ်အာ"....."သားအခုကစပီးအဖိုးနဲ့ပဲ နေရတော့မယ်" ဆိုပီးပြောလိုက်တဲ့အချိန်ကလို့ပဲထင်ပါတယ်။ ၀မ်တိရွယ်တို့ မျိုးရိုးက အတော်ကို ထူးဆန်းလွန်းပါတယ် မိသားစုတွေအကုန်လုံးက ငယ်ရွယ်ချောမောလှပကြပီး ညာဏ်ရည်ကလဲသူများနဲ့မတူထူးခြားလွန်းပါတယ်။ ၀မ်တိရွယ် ငယ်ငယ်လေးထဲကဒါကိုသတိပြုမိပေမဲ့ အများကြီးသိပ်မစဉ်းစားဖစ်ခဲ့ပါဘူး။ ၀မ်တိရွယ် အတွေးပွားရင်း လျောက်လမ်းကိုဖြတ်ကျော်လာပီး ဖန်တံခါးကို တွန်းဖွင့်လိုက်ပီး အထဲကို၀င်လာလိုက်ပီး သူ့အဖိုးထိုင်နေတဲ့ ကော်ဖီစားပွဲဆီကို သွားလိုက်သည်။
" ရွယ်အာ ရောက်လာပီလား" "ဟုတ်ကဲ့"
၀မ်တိရွယ်၏ အဖိုး ၀မ်လုံကျန်း သည် သူ၏ရှေ့မှ အရွယ်‌ေရာက်ချောမောခန့်ညားလာသည့် သူ့‌တစ်ဦးတည်းသောမြေးလေးကိုစိုက်ကြည့်ရင်း အတွေးတွေအဝေးလွင့်ပျံနေသည်။ အချိန်အတော်ကြာခါမှ ၀မ်တိရွယ် ခေါ်လိုက်သံကြောင့် သတိပြန်၀င်လာခဲ့သည်။ "အဖိုး?" "အင်းးးရွယ်အာ မင်းအရွယ်ရောက်လာတာကိုမြင်ရတာ အဖိုး၀မ်းသာပါတယ်ကွာ" "အဖိုးလဲအသက်ကြီးပီဆိုတော့ နောက်ဆို မင်းတစ်ယောက်ထဲဖစ်နေတော့မှာပဲ" လို့‌ေနွး‌ေထွးစွာ‌ေပြာလိုက်သည်။ "အဖိုး"..."အဖိုးကခုမှ သန်တုန်း မြန်တုန်းပါ ဘာတွေကိုပြောနေတာပါလဲ" ၀မ်တိရွယ် မျက်လွှာလေးချကာ ဖြေးညင်းစွာပြောလိုက်သည်။ လူနှစ်ယောက်ကြားက စကားဝိုင်းက ထိုနေရာမှာတင်အဆက်ပြတ်သွားသည်။
ညနေခင်း နေရောင်ခြည်နွေးနွေးအောက် ပန်းအစုံအလင်ဖူးပွင့်မွေးပျံ့နေတဲ့ ဖန်လုံပန်းခြံလေးထဲ ကော်ဖီစားပွဲဝိုင်းလေးမှာ တိတ်ဆိတ်ညိမ်သက်သွာထိုင်နေကြတဲ့ မြေးအဖိုးနှစ်ယောက် အတွေးမျိုးစုံဖြင့် အေးချမ်းစွာပန်းတွေရှုစားနေကြသည်။

ဒိီလောင်ဇီ ပြေးနေရပီ!Where stories live. Discover now