စကားထောက်လိုက်တဲ့ လျှံ့ရဲ့ ဆရာခေါ်သံကိုပဲ ဂုဏ်ရောင့်မှာ အားမလိုအားမရကြီးနဲ့...

အခေါ်ဝေါ်ပြောင်းဖို့ ကိုယ့်ဘက်ကပြောလိုက်တိုင်း အိမ်မှာဆို အဆင်ပြေပေမယ့် အလုပ်မှာဆို ဘယ်သို့ဘယ်ညာဆိုပြီး လျှံ ပြန်ပြောလာတဲ့အကြောင်းပြချက်တွေက ရှက်နေလို့ဆင်ခြေပေးခြင်းသက်သက်ဆိုတာ ဂုဏ်ရောင် သိပြီးသားပင်...

သိလို့ဖိအားမပေးချင်ပေမယ့် ကတိဆီကလှောင်ပြောင်ခံလိုက်ရတာရော အိမ်ထောင်သက်သုံးလကျော်ကြာတာတောင် တိုးတက်လာခြင်းမရှိတဲ့ လျှံနဲ့ကိုယ့်ကြားက နွေးထွေးနူးညံ့မှုတွေကိုlevel မြှင့်ချင်နေတာရောကြောင့် ဂုဏ်ရောင် နားပူနားဆာလုပ်နေမိခြင်းပါ....

"အလုပ်မှာ ပြင်ခေါ်ဖို့က အသားမကျ.."

"အဲ့ဆင်ခြေကြီးနဲ့ ကိုယ့်ကို ညှင်းမပစ်ပါနဲ့ အချစ်ရာ...

ကိုယ်တို့အကြောင်းကို ကုမ္ပဏီကလူတွေရော တခြားပတ်သက်ရာပတ်သက်ကြောင်းတွေပါ အကုန်သိပြီးသားပဲ...

အချစ်က ကိုယ့်ကို ဘယ်လိုခေါ်ခေါ် ဘယ်သူကဂရုစိုက်မှာလဲ "

ဆင်ခြေပေးဖို့ပြင်တဲ့ လျှံ့စကားကို အဆုံးမသတ်စေဘဲ လျှံ့ခါးကို သိမ်းဖက်ရင်း ဂုဏ်ရောင် အထွန့်တက်မိတော့...

"ဒါပေမယ့်... ဟို... "

အိမ်ထောင်သည်ဖြစ်ပြီးတဲ့အထိ ကိုယ်အနားကပ်လိုက်တိုင်း အနေခက်နေတတ်သေးတဲ့ လျှံ့ကို ဂုဏ်ရောင် အသည်းယားလာပြီး ပိုတင်းတင်းဖက်ထားမိရင်း...

"ကိုယ့်ကို တစ်ခုခုတော့ ပြောင်းခေါ်ကွာ.."

"အစ်ကိုကြီးလို့ခေါ်ပါ့မယ် "

"ဟွန်း "

အခေါ်အဝေါ်က ကျေနပ်စရာ မကောင်းလှပေမယ့် ဆရာဆိုတာထက်တော့ တော်သေး၍ လက်ခံပေးဖို့တွေးလိုက်ပြီး...

"ရုံးခန်းထဲမှာပါ"

ဂုဏ်ရောင့်စိတ်ကို ရိပ်မိပြီးတားလိုက်တဲ့ လျှံ့စကားကို လျစ်လျူရှုလိုက်တာက အနမ်းတွေနဲ့...

"ဘာပြဿနာရှိလို့လဲကွာ ကိုယ့်လူကိုယ်နမ်းတာပဲ "

လျှံ့မှာသာ လိုလည်းလိုချင် ရှက်လည်းရှက်နဲ့ အရမ်းမကြမ်းဖို့သာ ဆုတောင်းနေရတဲ့အဖြစ်...

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl) completedOnde as histórias ganham vida. Descobre agora