​ရုတ်တရက် ချန်း​ယောလ်ဆီက အရင်တုန်းကအ​ကြောင်း​တွေပြန်ကြားရ​တော့ ဘက်ခဟျွန်းနှုတ်ဆိတ်​နေမိသည်။

"ငါက​တော့ မင်းကို အတတ်နိုင်ဆုံး လိုက်ငြှိဖို့ကြိုးစား​ပေးခဲ့တာပဲ၊ မင်းကကျ ပင်ပန်းတယ် ဟုတ်လား၊ ငါကြိုးစား​နေတာကို ကြည့်ရတာ ပင်ပန်းတယ်တဲ့ အဟက် ငါပဲ ငါတို့အတွက်စိတ်ကူးယဥ်ထားတဲ့ အနာဂတ်​တွေအတွက် ငါပဲရူးခဲ့တာ"

အထက်တန်း​ကို အမှတ်မြင့်မြင့်နဲ့​အောင်တဲ့
ချန်း​​ယောလ်က ဆိုလ်းတက္ကသိုလ် ဝင်ခွင့်ရခဲ့​​ပေမယ့် ဘက်ခဟျွန်းက​တော့ နယ်က​ကောလိပ်မှာသာ
တတ်ဖို့ ​​​လျှောက်လိုက်သည်။

ချန်း​ယောလ်က သူနဲ့အတူတူ ဆိုလ်းမှာသွား​နေကြဖို့ တိုင်ပင်တိုင်း အငြင်းအခုံနဲ့ ရန်ဖြစ်ရသည်ချည်း

ဘက်ခဟျွန်းကို ​ခေါ်လို့မရသည့်အ​ဆုံး
၃ နာရီ​လောက်ကြာတဲ့ ခရီးကို ချန်း​ယောလ်က ​
နေ့တိုင်း အသွားအပြန်လုပ်​နေခဲ့​ပေမယ့် ဘက်ခဟျွန်းဟာ ​နယ်က​နေ ခွာဖို့ မစဥ်းစားခဲ့မိ

သူဝါသနာပါတာကို တစိုက်မက်မက်လုပ်တတ်သည့် ချန်း​ယောလ်က Fashion Company ကြီးတစ်ခုမှာပါ internship အ​နေနဲ့လုပ်ခွင့်ရခဲ့တာမို့ အချိန်​တွေ တဖြည်းဖြည်းရှားပါးလာခဲ့သည်

အဲ့ဒီတုန်းက ဘက်ခဟျွန်းက ချန်း​​ယောလ်လို ​​ရည်ရွယ်ချက်ကြီးကြီးမားမားရှိမ​နေခဲ့တာ​ကြောင့်လည်း ပါမည်။

ဒါမှမဟုတ် ငယ်​သေးတဲ့ ဘက်ခဟျွန်းက ပတ်ဝန်းကျင်အသစ်ကို ရင်ဆိုင်ဖို့​ကြောက်​နေခဲ့တာလည်း ဖြစ်မည်

"အင်း ငါပဲ အသုံးမကျခဲ့တာပါ"

"ဒါပဲ ဒီစကားပဲ ဘယ်​တော့​ပြော​​​ပြော ဒါပဲ"

ချန်း​ယောလ်က ထိုင်​နေရာက ​ဒေါသတကြီးထကာ ဆိုဖာ​ကို ကန်လိုက်တာ​ကြောင့် နည်းနည်းယိုင်သွားတယ်

ဘက်ခဟျွန်းက စိတ်ကို ​လျှော့လိုက်ပြီး တည်ငြိမ်ဖို့ကြိုးစားတယ်။ ​သွေးဆူ​နေတဲ့ ချန်း​ယောလ်က မူး​နေလို့ ဆို​ပေမယ့် သူကပါ ​အော်ဟစ်​ပေါက်ကွဲ​နေလို့ မဖြစ်ဘူး မလား

"ငါတို့ ဘာလို့အဲ့ဒါ​တွေ ​ပြော​နေအုံးမှာလဲ၊ အဓိက ကမင်းထွက်သွားခဲ့တယ်၊ ပြန်မလာခဲ့ဘူး ပြီးပြီ ဒါပဲ မလား"

"ဘာ ​ဗြောင်ဘက်ခဟျွန်း ပြန်​ပြောစမ်း"

ချန်း​ယောလ်ဟာ ဘက်ခဟျွန်းနားတိုးကပ်လိုက်ရင်း ​ကော်လာစ ကို ဆွဲလိုက်တယ်

"ပြီးပြီ လို့ ငါတို့က"

အဖျားသတ်မှာ တုန်ခါသွားတဲ့ ကိုယ့်အသံကို အားမရ​ပေမယ့် ချန်း​​ယောလ်က​တော့ သတိထားမိပုံမ​ပေါ်

"အင်း မင်းက ထားသွားတဲ့ သူကိုပဲ အပြစ်လုပ်တယ်မင်းက​​ရော...မင်းက​ရော
မသွားနဲ့လို့ ဘာလို့ မတားခဲ့သလဲ ဟင် ...ဟင် ဘာလို့လဲ"

ချန်း​ယောလ်ရဲ့ မျက်ဝန်း​တွေက ​ဒေါသ​ကြောင့်မဟုတ်ဘဲ ​ကြေကွဲစွာနာကျင်​နေတာကို မြင်ရခိုက်မှာ ရင်ဘက်က ကျင်ခနဲ နာရတယ်

ပြီးသွားပြီပဲ သူတို့ကပြီးသွားပြီပဲ

ဒါ​ပေမယ့်

"ငါကသာ မသွားပါနဲ့ လို့​ပြောရင် မင်းကမသွားခဲ့ပဲ ​နေမှာမို့လို့လား"

"မင်းမှ မ​​ပြောခဲ့ပဲ"

"ဒါဖြင့် အခု​​ရော..."

​လေသံတိုးတိုးဟာ ဘက်ခဟျွန်း နှုတ်ခမ်းဖျားက ထွက်ကျသွားတယ်

ချန်း​ယောလ်က ဘက်ခဟျွန်းရဲ့မျက်ဝန်း​တွေထဲမှာ တစ်ခုခုကို အ​​ဖြေရှာဖို့ ​ပေါက်ထွက်မတတ် ကြည့်​နေတယ်

​နောက်​တော့ ဘက်ခဟျွန်းရဲ့အကြည့်ထဲမှာ သူသိချင်တာကို ရှာ​ဖွေ​တွေ့ရှိသွားသလိုမျိုး ဘက်ခဟျွန်းကို ဆွဲယူနမ်းရှိုက်လိုက်တယ်

ချန်း​ယောလ်ရဲ့ ​နွေး​ထွေးမှုကို အကြာကြီး​တောင့်တ​နေခဲ့သလိုမျိုး ဘက်ခဟျွန်းဟာ အနမ်း​တွေမှာပဲ စိီး​မျောလိုက်ပါ​နေမိ​တော့တယ်

ဒီည​တော့...ဒီတစ်ည​တော့ ငါမင်းကို ​နောက်ဆုံးအ​နေနဲ့ပိုင်ပါရ​စေ။

***
A/N ☻️☻️☻️
​ပူ​နွေးတဲ့ အဲ့လ်ုည​တွေကို စာစီ​ဖော်ပြချင်​ပေမယ့် မစွမ်းတဲ့တို့​ကြောင့် မျက်လုံးမှိတ်ပြီး
စိတ်ကူးယဥ်​မှောင်လိုက်ကြပါ​တော့လို့

BittersweetWhere stories live. Discover now