အရင်ဆုံး ပေနေတဲ့ ချန်းယောလ်ရဲ့ အင်္ကျီကို ချွတ်ပေးရင် အနံ့သက်စွဲနေသေးတာမို့
ရေစိုသဘက်တစ်ထည်နဲ့ ကိုယ်လက်သန့်စင်ပေးလိုက်သည်။"ဘက်ခွန်းနီး?"
ချန်းယောလ်က မျက်လုံးပွင့်လာပြီး ခပ်တိုးတိုးမေးတယ်
"နိုးလာတာလား၊ ခဏ ကိုယ်လုံးကြွအုံး"
"အင်း"
ရှူးရှူးရှဲရှဲနဲ့ ရန်ထမတွေ့သေးပုံအရ အမူးမပြေသေးတာဖြစ်မယ်
"ညာဘက်လက်"
အင်္ကျီခေါင်းစွပ်ပြီး လက်လျှိုဖို့ပြောတာကိုလည်း
အတွန့်မတတ်ပဲ လိုက်လုပ်တာကြောင့် သူတောင်သတိမထားမိပဲ ပြုံးလိုက်မိတယ်
အရင်တုန်းက ချန်းယောလ်လီကို သတိရသွားမိတာဖြစ်မှာပါ။ပြန်အိပ်ပျော်သွားတဲ့ ချန်းယောလ်ကို ဆိုဖာပေါ်မှာပဲ စောင်ခြုံပေးခဲ့လိုက်သည်
ချန်းယောလ်ကိုတွဲခေါ်ရင်း ပေပွလာတာမို့ သူပါ ရေချိုးရတော့မယ်။
***
ဘက်ခဟျွန်း ရေချိုး အဝတ်လဲပြီး အခန်းထဲက ထွက်လာတော့ ချန်းယောလ်က ဆိုဖာပေါ်မှာ မရှိတော့
အဲ့ဒီအစားကြမ်းပြင်ပေါ်မှာ ခေါင်းငုံ့ရင်း ထိုင်နေတယ်
"အေးတယ်လေ ဘာလို့ အောက်မှာ....အမ်
ချန်းယောလ် ငိုနေတာလား"ဘက်ခဟျွန်းအသံကိုကြားတော့ ချန်းယောလ်က မျက်ရည်ကို ကမန်းကတန်းသုတ်လိုက်တယ်
"ငါက ဘာလို့ ငိုရမှာလဲ"
နီနေတဲ့ မျက်ဝန်းအိမ်တွေကို မြင်တော့ ဘက်ခဟျွန်း ဘာမှ မပြောဖြစ်တော့
"ဟင် ဘက်ခဟျွန်း ငါက ဘာလို့ငိုရမှာလဲ"
"ငါ ဘယ်သိမလဲ"
"အေး ဘယ်သိမလဲ၊ မင်းက ငါ့ခံစားချက်ဆို အမြဲတမ်း လျစ်လျူရှုပစ်တာလေ အရင်တုန်းကတည်းကပဲ ငါဖြစ်ချင်တာကို နည်းနည်းလေးမှ လိုက်လျောမပေးခဲ့ဘူး"
"ချန်းယောလ် ဘာဆိုင်လို့လဲ အခုနဲ့"
"ဘာလို့ မဆိုင်ရမှာလဲ အခုဖြစ်နေတာတွေအားလုံးက မင်း ငါ့ကို နားမလည်လို့၊ ငါ့ အိမ်မက်ကို နားမလည်ပေးခဲ့လို့ ဖြစ်ရတာ၊ အဲ့ဒီတုန်းကသာ မင်းငါနဲ့ အတူတူဆိုလ်းမှာ လိုက်နေဖြစ်ရင် ငါတို့အခုလိုဖြစ်မှာလား"
YOU ARE READING
Bittersweet
Fanfictionအချစ်ဟာ ချိုမြိန်သလား ခါးသီးပါသလား ချစ်ဖူးသူမှသာ သိနိုင်ပါလိမ့်မည် သေချာတာက "Love is a hole in the heart." ဆိုတဲ့အတိုင်း ချစ်မိသွားတာနဲ့ နှလုံးသားထဲက ကွက်လပ်ကို တစ်စုံတစ်ယောက်ကသာ ဖြည့်ဆည်းပေးနိုင်တာမျိုးပါပဲ သူမှ မဟုတ်ရင် အမြဲနာကျင်နေရတော့တာမျိ...
Whose Mistake
Start from the beginning