ရတုကြည့်လိုက်တော့ အကိုကသဘောကျနေဟန် သူ့ပုံလေးကိုအကြည့်မပျက်။ အကို ရယ်ပြုံးနေတာကိုရတု သေချာပင်တစ်ခါမှမကြည့်ဖူးခဲ့ချေ။ အကို့မျက်ဝန်းအိမ်များက ယခင်ကထက်ပိုပြီး လင်းလက်နေတော့သည်။

မြေနီလမ်းမက အကို့ရဲ့အသားယောင်ကို ပိုပြီးဖြူစင်သွားသယောင် ပံ့ပိုးနေဟန်။ အကို့နှုတ်ခမ်းထက်က မှဲ့နက်နက်လေးကလည်း ရတု ရင်ခုန်သံကို ပို၍တိုးစေ၏။ မျက်စံနက်နက်နှင့် မျက်ဝန်းအိမ်ကျယ်ကျယ် ၊ ဆံပင်တချို့ကို သပ်တင်ထားပြီး အချို့က နှဖူးပေါ်ဝဲကျနေလေ၏။ အကို့နှုတ်ခမ်းပါးပါးတို့က အဖြူရောင်လိုလို အညိုရောင်လိုလို ရောယှက်လျှက်။ နှာတံမြင့်မြင့်နှင့် နှုတ်ခမ်းပါးပါးတို့က လိုက်ဖက်နေတော့သည်။ သို့ပေမယ့် အကို့မျက်လုံးများကိုသူမကြည့်ရဲ။စူးရှသည်။ နက်နဲသည်။ ပြီးတော့ နှလုံးသားထဲထိထိုးဖောက်နိုင်သည်လေ.......

_____

"အကို့ ရုံးခန်းမှာ ခဏစောင့်နော်....အကိုလူနာသွားကြည့်ဦးမယ် ....."

"ဟုတ် အကို...."

ဆေးရုံဝင်ခါစရှိသေး ကျန်တဲ့နတ်စ်မများနှင့်ဝန်ထမ်းများကဖော်ရွေစွာနှုတ်ဆက်ကြသည်။ အကိုကအရှိန်ဝါတစ်ခုတော့ရှိသည်။ အကို့ပုံစံကကိုပင် လူအများနှစ်သက်သဘောကျစရာကောင်းတဲ့ပုံစံဖြစ်နေတော့ ဆရာဝန်ဟု မထင်မှတ်စရာကောင်းလောက်အောင် ချောမောသည်။

ရတုလည်း ရုံးခန်းထဲ တစ်ယောက်ထဲကျန်ခဲ့တော့ ဟိုကြည့်ဒီကြည့်နှင့် အကို့ စားပွဲပေါ်အကြည့်ရောက်သွားတော့သည်။

စာချုပ်တစ်ခု‌ကိုတွေ့တော့ ရတုကြည့်လိုက်မိသည်။ ကွန်ဒိုဝယ်ထားတဲ့ ‌အရောင်းအဝယ်စာချုပ်တစ်ခုဖြစ်၏။ ရတုလည်း ဆက်မကြည့်တော့ဘဲ ဆိုဖာပေါ်ပြန်ထိုင်လိုက်သည်။ အနည်းငယ် ပင်ပန်းနေတာကြောင့်ရတု ‌ဆိုဖာပေါ်မှာတင် ခနမှေးနေလိုက်၏။

မော်ကွန်း အခန်းထဲပြန်ရောက်တော့ မောင်ကအိပ်နှင့်နေပြီ။ ဆိုဖာပေါ်မှာ ကွေးကွေးလေး။

အသည်းယားလိုက်တာမောင်ရာ..

မော်ကွန်း အနားကပ်ပြီး မောင့် အသက်ရှူသံ ပျင်းပျင်းကို နားထောင်သည်။ မောင့်ကိုယ်သင်းရနံ့က ချိုချိုအီအီလေးမို့ မော်ကွန်းဘာကိုမှအာရုံမရတော့။  အိပ်နေသည့်မောင်ကတော့ အပြစ်ကင်းစွာ။

ရူးWhere stories live. Discover now