သူ့အဖော်ဖြစ်ဟန်တူတဲ့ ကောင်လေးက ဘက်ခဟျွန်း မဲ့ပြုံးပြုံးတာကိုတောင် ချစ်စနိုးနဲ့ ကြည့်နေလိုက်သေးတယ်

“ Hi..ပတ်ချန်းယောလ်ပါ၊ ပတ်ဘက်ခဟျွန်းရဲ့ တရားဝင်ခင်ပွန်း...”

“မကြာခင် ခင်ပွန်းဟောင်းဖြစ်မယ့်သူပေါ့” ဘက်ခဟျွန်းက ကြားထဲက ဖြတ်ပြောတယ်

“လက်မှတ်လေးထိုးလိုက်ယုံနဲ့ ခင်ပွန်းဟောင်းဖြစ်မှာပေမယ့်..ခုထိ ကိုယ့်အပေါ် ခံစားချက်ရှိနေသေးတဲ့ တစ်ယောက်ကြောင့်ပေါ့” ချန်းယောလ်က  အံကြိတ်ထားပေမယ့် အပြုံးမပြတ် ပြန်ခြေပလိုက်တယ်

“အော်..ဟျောင့်ကတော့ တစ်ခါမှ မပြောပြဖူးပေမယ့် တွေ့ရတာဝမ်းသာပါတယ်။ ကျွန်တော်က ကင်မ်ဟယ်ဆူးပါ

အချိန်ရရင် ကျွန်တော့် ဆေးခန်းကိုလည်း အလည်လာခဲ့ပါအုံး ၊ ကျွန်တော့်ရဲ့ ဟျောင် မကြိုက်တာတွေ ခင်ပွန်းဟောင်းဆီက လေ့လာချင်လို့ စကားပြောချင်ပါသေးတယ်”

ဘာ..ဟျောင်

မလိုက်မဖက်

ဘက်ခဟျွန်းနီးက ဒီလောက်နုနေတာကို စာကျပိုးရုပ်နဲ့ ပိုးဟပ်လိုကောင်က ဟျောင်...ဟျောင် နဲ့

ဆေးခန်းကို လာခဲ့ပါအုံးဆိုတာ သူ့ကိုယ်သူ ဒေါက်တာဆိုတာ ငါ့ကို ကပ်ကြွားသွားတာ

ပတ်ချန်းယောလ်တဲ့ ဂရုကို မစိုက်တာ

“ဟယ်ဆူးရား ကိုယ်တို့အတွက် ‌သောက်စရာ ထပ်ယူပေးပါလား”

“အိုခေ...” ဟယ်ဆူးက ပြုံးကာ ခေါင်းငြိမ့်ရင်း ချန်းယောလ်ကို ကြည့်ကာ “ဘာသောက်မလဲ ဒီက အစ်ကို”

“အာ မဟုတ်ဘူး ကိုယ်တို့ ဆိုတာ မင်းနဲ့ ကိုယ်ကို ပြောတာ၊ သူ နဲ့ကိုယ် မဟုတ်ဘူး”

အသည်းအသန်ကို ငြင်းနေတဲ့ ဘက်ခဟျွန်း

“အာ ဟုတ်ပြီ ဟျောင်”

“ဒါဆို ဟျောင်မပျင်းအောင် စကားပြောပေးလိုက်ပါအုံး၊ ကျွန်တော် ခဏသွားလိုက်အုံးမယ်”

“ကြွ” ဆိုတဲ့ စကားကိုတော့ စိတ်ထဲကနေပဲ ပြောလိုက်ပါသည်

ဘက်ခဟျွန်းကို သူပြောခွင့်ပေးမှ ပြောလို့ရမှာ ကျနေတာပဲ

BittersweetWhere stories live. Discover now