ထိုသို့ပြောမှ ရတုစဉ်းစားမိသည်။ အမရွှေနန်းကို သူရေးရေးလေးတော့ မှတ်မိသည်။ E majorရဲ့နာမည်ကြီးတစ်ယောက်ဖြစ်သည့်အလျောက် တော်ရုံ ကျောင်းပွဲတွေဆို မပါမဖြစ်။ ရတုကို Workshop အတူတူလုပ်ဖို့ပင်ခေါ်ထားသေးသည်ကို ရတုခုမှ မှတ်မိတော့သည်။
“အာ....ဆောရီးနော်အမ....ကျွန်တော်မေ့သွားတာ...”
“ရပါတယ်....welcome ကျရင် အမAnnouncerလုပ်မှာ .....ဒီကြားထဲလည်း မောင်လေးတို့နဲ့ အစည်းဝေးတစ်ခုရှိသေးတယ် ...”
“ဟုတ်အမ....ဆောတီးပါနော်...ဟဲဟဲ....အခုကရော ဘောပွဲလာကြည့်တာလား”
ရတုမေးတော့ အမရွှေနန်းက ဘောလုံးကန်ရန်အသင့်ဖြစ်နေသည့် ကျောင်းသားများထဲမျာ အသားဖြူဖြူနှင့် ဆံပင်အရောင်ဆိုးထားတဲ့တစ်ယောက်ကိုလက်ညှိုးထားပြလေ၏။
“အဲ့ဒါ အမမောင်လေးလေ....”
ရတုကြည့်လိုက်တော့ တစ်ခါမျှပင်မမြင်ဖူးတဲ့မျက်နှာဖြစ်နေလေ၏။
“ကျွန်တော်တို့နဲ့မေဂျာတူတာပေါ့...တစ်ခါမှမမြင်ဖူးဘူး.....”
“ဟုတ်တယ် မောင်လေး သူကကျောင်းပျက်တာက၁ပတ်မှာ၈ရက်လောက်လေ...မော်ဒယ်လုပ်နေတာ ....ဘောပွဲကျတော့ သူဝါသနာပါလို့လာလာကန်နေတာ....."
“အော်....ဟုတ်ကဲ့ပါဗျ... ကျွန်တော်လည်း သူငယ်ချင်းတွေပါလို့ လာကြည့်တာ ......”
ထိုစဉ် လူတစ်ယောက်ကတော့ ကွင်းရဲ့ အပြင်ကနေ ထိုလူနှစ်ယောက်ရယ်ရယ်မောမော စကားပြောနေသည်ကို ဒေါသတကြီးစိုက်ကြည့်နေလေတော့သည်။
.......
“ဟဲ့....ဟဲ့.....ဂိုးသွားပြီ”
“ရေး.......”
ဘောပွဲစစချင်းနှစ်မိနစ်မှာတင် Emajorအသင်းကတစ်ဂိုးလ်အနိုင်ရသွားလေ၏။ အပျော်လွန်ပြီးရှင်းသန့်ရော ရတုရောထခုန်မိလိုက်သည်။ ရတုကတော့မေ့မေ့လျော့လျော့ပင် ခြေထောက်ကို သတိမထားမိပဲ ခုန်မိလိုက်တာကြောင့် ထိထားတဲ့ခြေချင်းဝတ်နေရာက အတော်လေး ပြန်နာသွားေတာ့သည်။
“အား....သေပါပြီ....ငါမေ့သွားတာ......”
“ကျွတ်စ်....ကျွတ်စ်”