14.ဖြတ်သန်းခဲ့ရသောအတိတ်

Depuis le début
                                    

ရှီလာဘုရင်၏ညီမတော်မင်းသမီးမှာ ဂါယာမျိုးနွယ်စုက မင်းသားတစ်ပါးနှင့်ချစ်ကျွမ်းဝင်မိပြီး မယ်တော်ကသဘောမတူသည့်ကြားမှ ခိုးရာလိုက်ပြေးခဲ့တာကြောင့် ​နယ်စပ်ဘက်မှာ ပစ်ပယ်ခံထားရတာဖြစ်သည်။

ထိုမိသားစုက သခင်လေးနှစ်ယောက်တို့နဲ့အတူ
ဟွာရမ်းအဖွဲ့အစည်းမှာ နမ်ဒိုအဖြစ်ပညာတွေသင်ခဲ့ယူရင်းနေခဲ့ရာမှ ဂိုဂူလျောသူလျှိုဟုစွပ်စွဲခံရပြီးနောက် ဆူနိုင်ငံမှ ကုန်သွယ်လှေကြီးပေါ်သို့ကျွန်အဖြစ်စေလွှတ်ခံခဲ့ရသည်။

ကံဆိုးစွာနဲ့ ဆူနိုင်ငံမရောက်မီ အကွာအဝေးအနည်းငယ်အလိုတွင် မုန်တိုင်းမိသဖြင့်ကမ်းမကပ်နိုင်ဖြစ်ကာ ကုန်သည်လှေကြီးပျက်စီးသွားတော့ ကုန်သည်လှေပိုင်ရှင်သူဌေးကိုကယ်တင်ပေးခဲ့ရာမှ သူဌေးကသူ့ကိုမွေးစားသားအဖြစ် မွေးစားကာ သူ့အိမ်တွင် ပညာကောင်းစွာသင်ကြားပေးတာကြောင့် ဆူနိုင်အကြောင်း ရှီလာအကြောင်းနှံံ့စပ်ကျွမ်းကျင်ခဲ့ရသည်။

ကုန်သည်ကြီးမှာ အထက်တန်းလွှာအသိုင်းအဝိုင်းကဖြစ်တာကြောင့် ဆူနိုင်ငံ၏ထိတ်ထိတ်ကြဲ ပညာရှင်များနှင့်တွေ့ဆုံကာမိတ်ဆွေဖွဲ့ခွင့်လည်းရခဲ့သည်။

ထိုသူများထဲတွင် ယခုထန်နိုင်ငံ၏
အိမ်ရှေ့စံမင်းသားဖြစ်သူလည်းတစ်ယောက်အပါအဝင်ဖြစ်ခဲ့သည်။

ထိုစဥ်က ဆူနိုင်ငံ၏နောက်ဆုံးဧကရာဇ် အုပ်ချုပ်နေစဥ်အချိန်ဖြစ်ပြီး ဧကရာဇ်က ပြည်သူပြည်သားများကို အခွန်အခများတိုးမြှင့်ကောက်ခံခြင်း မဟာတံတိုင်းကြီးတည်ဆောက်ရေးတွင် အတင်းအဓမ္မစေခိုင်းခြင်း နှင့် ဂိုဂူလျောစစ်ပွဲအတွက် စစ်မှုမထမ်းမနေရစနစ်ဖြင့် အတင်းအကြပ်စစ်သားစုဆောင်းခြင်းတို့ကြောင့် ပြည်တွင်းဆူပူမှုများဖြစ်ပြီး နိုင်ငံအနှံ့ပုန်ကန်ထကြွသူများပေါ်ပေါက်လာခဲ့သည်။

ထိုအထဲမှာ မွေးစားအဖေ ကုန်သည်ကြီး၏ မိတ်ဆွေများလည်းပါဝင်ခဲ့ပြီး မင်းမျိုးမင်းနွယ်ဖြစ်သော မင်းသားတစ်ပါးနှင့် အခြားအထက်တန်းလွှာသခင်လေးများမှာ အဖွဲ့များကွဲကုန်ကြပြီး သူတစ်လူ ငါတစ်မင်းပုန်ကန်ကြတော့သည်။

Majestic Love Story In Dae Goguyeo Où les histoires vivent. Découvrez maintenant