ကိုယ်ခန္ဓာအနွေးဓာက်ရရင် ရှန်ပိန်နောက်တစ်ခွက်သောက်ရန်ပြင်တော့ လက်ကိုင်အိတ်အတွင်းမှဖုန်းသံကြောင့်ထုတ်ကြည့်မိတော့ နာမည်မပေါ်သည့်ဖုန်းနံပါတ်စိမ်းတစ်လုံး။ သူမျော်လင့်နေသူများဖြစ်နေမလားဆိုသည့်အတွေးနင့်ကောက်ကိုင်မိလေသည်။

"ဟယ်လို"

"ဟယ်လို ဏရီ ကျွန်မ နိုဝယ်ပါ"

ဒီရက်ပိုင်းစိတ်လေးလံထိုင်းမှိုင်းမှုတွေ ယခုနက အေးစိမ့်မှုများစွာက ဤဖုန်းအဝင်ကောလ်ကြောင့် ကိုယ်ခန္ဓာအတွင်းမှုသွေးများပြောင်းပြန်စီးနေသယောင်။ ဒါမှမဟုတ် ဖျားနေသယောက်အပူလှိုင်းကရုတ်ချည်းဆိုသလိုတက်လာရသည်။

"ဟယ်လို တကယ် Nowl လားဟင် တို့နားကြားများမှားသလား"

"ဟင်း...တကယ် နိုဝယ်ပါ ဏရီရဲ့ မယုံရင် အခုလိပ်စာပို့ပေးလိုက်မယ် နိုဝယ်မယုံရင်လူကိုယ်တိုင်လာကြည့်လဲ့ နိုဝယ်အခုမှ ဘန်ကောက်ကပြန်ရောက်လာတာ အဝတ်စားတောင်မလဲရသေးဘူး ဒီရောက်ရောက်ချင်းဖုန်းတန်းဆက်လိုက်တာ နိုဝယ့်ဖုန်းကအရေးထဲအားမရှိလို့လေ"

"Nowl အခုဘယ်မှာလဲဟင် တို့လာခဲ့မယ်"

"နိုဝယ်ကအခု Royal Garden Hotel မှာ အဆောင်ကောအခန်းကောကပြန်အပ်ထားတော့ဟိုတယ်မှာပဲငှားနေလိုက်ရတာအခုမှရန်ကုန်ပြန်ရောက်တာဆိုတော့ ဘာလဲ ဏရီကလာမလို့လား"

"အင်း တို့အခုချက်ချင်းလာခဲ့မယ် အခုတို့ရှိတဲ့နေရာနဲ့ဆိုအဲ့ဟိုတယ်ကသိပ်မဝေးပါဘူး အခုလာခဲ့မယ်"

ဏရီဟန်တောင်မဆောင်နိုင် နေရောင်သွေးအားချက်ချင်းဆိုသလိုပြန်ချင်ကြောင်းပြောပြီးနောက် ကားပါမလာသည့်အတွက် နေရောင်သွေးကိုပဲအကူအညီတောင်းကာ ဟိုတယ်အားလိုက်ပို့ခိုင်းရသည်။ ဟိုတယ်ဆို၍ မေးမြန်းလာပေမဲ့ သူငယ်ချင်းတစ်ယောက်နိုင်ငံခြားကပြန်လာ၍သွားတွေ့မလို့ဟူ၍သာပြောခဲ့လေသည်။

ဟိုတယ်ရောက်တော့ reception ကကောင်မလေးကိုပြောတော့ သူတို့အားပြောထားသည်ဆိုသည့်အတွက် ဏာရီ့အား နိုဝယ်ရှိသည့်အခန်းကိုလိုက်ပို့ပေးလေသည်။ အခန်းရှေ့ရောက်တော့ လိုက်ပို့ပေးသည့်ကောင်မလေးကပြန်လွတ်ပြီးနောက် သူမပုံစံသူမပြန်ငုံကြည့်ပြီးရီမိသေးသည်။ ပွဲကနေချက်ချင်းတန်းလာသည်ဖြစ်တာကြောင့် နေရောင်သွေးရဲ့ကုပ်အင်္ကျီကလဲသူ့ပုခုံးပေါ်မှာ။

ဒဏ္ဏာရီ - θρύλος (completed-9)Where stories live. Discover now