ငယ်စဥ်ကထဲက ဒယ်ဒီ့စိတ်ကြိုက်နေခဲ့ရသည့်သူမအဖို့ ဒယ်ဒီ့ကိုအာခံနိုင်ဖို့ရာသူ့မယ်အင်အားမရှိခဲ့ပါ။ သားဖနှစ်ယောက်ကြားပြဿနာတက်သည့်အခါ နှလုံးအားနည်းသည့်သူမမိခင်အဖို့အဆင်မပြေနိုင်သည်မို့ မိခင်အားငဲ့နေရသည့်အခြေအနေတစ်ခု။

"ကျွန်တော်တို့ကားတစ်စီးထဲသွားလိုက်တာပိုအဆင်ပြေမယ်ထင်လို့ပြောတာကိုလိုက်လျောပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် မဒဏ္ဏာရီ"

"ရပါတယ် ကိစ္စမရှိပါဘူး ကျွန်မလဲ နားလည်ပါတယ်"

"နောက်ပြီး မဒဏ္ဏာရီစုံစမ်းခိုင်းတဲ့ကိစ္စကကျွန်တော့်အသိတွေကိုစုံစမ်းခိုင်းတော့ သူတို့လဲဘာသတင်းမှမရပါဘူးတဲ့ အဲ့တာတစ်ခုတော့ အားနာပါတယ် အကယ်၍အရေးကြီးတယ်ဆိုရင် ကျွန်တော်ပိုပြီးသေချာစုံစမ်းခိုင်းကြည့်ပေးပါ့မယ်"

"နေနေ ရပါတယ် အရေးမကြီးပါဘူး အခုလိုစုံစမ်းပေးတာနဲ့တင်ကျေးဇူးတင်ပါတယ်"

ညစာဒင်နာစားပွဲဆိုပေသိ စီးပွားရေးလုပ်ငန်းရှင်များအပြင် နယ်ပယ်အသီးသီးက အထင်ကရပုဂ္ဂိုလ်များနှင့် ရာထူးအာဏာရှိသည့်လူကြီးတစ်ချို့ပါပါဝင်နေသည့်ပွဲမို့ သာမာန်နှင့်မတူပါ။ ဒီလိုပွဲမျိုး အရင်ကမတက်ဖူးခဲ့ပေမဲ့ ဒီနေ့ သူမဒယ်ဒီက နေမကောင်းသည်ဖြစ်၍ ဦးဥာဏကျော်ဆိုသည့် သူမဖခင်အစား ကိုယ်စားတက်ရောက်ခဲ့ရသည်။ တကယ်တော့ ဒယ်ဒီ့ရဲ့လုပ်ဇာက်ဖြစ်မှာပါလေ။ ဒီနယ်ပယ်ထဲသူမကိုပါ ဝင်စေချင်တာ သူမသိပဲနေပါ့မလား။

မီးရောင်ထိန်ထိန်အောက်၌ မျက်စိကစားကြည့်လျှင်နေရာတိုင်း၌ ဝတ်စုံပြည့်အသင့်အနေအထားလူများစွာ။ သူမရှေ့ကရှန်ပိန်ခွက်အရေအတွက်ကတော့ သုံးခွက်မြောက်။ ဝတ်ထားသည့်အဝတ်အစားမှာမှု သူမကိုယ်ခန္ဓာအချိုးအစားနှင့်လိုက်ဖတ်ညီစွာ။ အမဲရောင် evening dress ကိုမှ ကျောပြောင်ဖြစ်နေပေမဲ့ ဇာသားပုံစံမျိုးဖြစ်သည့်အတွက် လက်ရှည်ဆိုသော်ညားလဲလေတစ်ချက်ဝေ့တိုင်းချမ်းစိမ့်စိမ့် indoor, outdoor နှစ်ခုလုံးရှိသည့်နေရာထိုင်ခင်းဖြစ်သည့်အလျောက် ညနေခင်းလေကအတော်လေးအေးလှသည့်အတွက်အနည်းငယ်အေးသယောင်။ သူအဆင်မပြေသည်ကိုမြင်တော့ နေရောင်သွေးမှသူ၏အပေါ်ကုပ်တစ်ထပ်ကိုသူမအားခြုံပေးလာ၍အဆင်ပြေသွားရသည်။

ဒဏ္ဏာရီ - θρύλος (completed-9)Where stories live. Discover now